လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ မနကျေးရွာ၏ နောက်ဘက်အရပ်၊ မနမှော်သက်တမ်းကုန်လုပ်ကွက်ဟောင်း၊ အမြင့်ပေ(၁၀၀)ခန့်ရှိ မြေစာပုံသည် ရာသီဥတုအခြေအနေကြောင့် မျှောပါခဲ့ပြီး (၁၅-၈-၂၀၂၃) ရက်နေ့ (၁၇:၀၀) အချိန်ထိ ကိုယ်ရေးအချက်အလက်အချို့ စိစစ်သိရှိရသည့် ရေမဆေးကျောက်ရှာဖွေသူ (၁၈)ဦး သေဆုံးလျက်ရှာဖွေတွေ့ရှိခဲ့ပါသည်။ အဆိုပါရှာဖွေတွေ့ရှိသေဆုံးသူ(၁၈)ဦးတို့အတွက်(၁)ဦးလျှင် (၃၀၀,၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့ငွေ(၅,၄၀၀,၀၀ဝိ/-)နှင့် ဒဏ်ရာရရှိသူ (၇)ဦးတို့အတွက် (၁)ဦးလျှင်(၅၀,၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့ငွေ(၃၅၀,၀၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၅,၇၅၀,၀၀ဝိ/-)အား (၁၆-၈-၂၀၂၃)ရက်နေ့(၁၇:၃၀)အချိန်တွင် ဖားကန့်မြို့နယ် စုပေါင်းရုံး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ အေးမြ သာယာရပ်ကွက်၊ မနကျေးရွာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူ၊ မိသားစုဝင်များထံသို့ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR