လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ဒီလှိုင်းကျေးရွာအုပ်စု/ရွာနှင့် ရွှေလောင်းကျေးရွာအုပ်စု/ရွာတို့၌ (၈-၈-၂၀၂၃)ရက်နေ့ (၀၈:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် အမိုးလန် လူနေအိမ် (၆)လုံးတို့အတွက် ကျောင်း/အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၅၀,၀၀ဝ/-) လူဦးရေ (၁၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၇၃,၁၀ဝ/-) ကျပ်တို့အား (၉-၈-၂၀၂၃)ရက်နေ့၊(၁၅:၀၀)နာရီအချိန်တွင် မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်ထွေ/အုပ်အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR