လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာနသည် အချိန်တိုအတွင်းရလဒ်ကောင်းများ ဖော်ဆောင်နိုင်သည့် လုပ်ငန်း(၇)ခု အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျောင်းသားလူငယ်များ အကြား လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုနှင့်ပတ်သတ်သည့် အသိ ပညာဗဟုသုတများ ရရှိလာစေရန်ရည်ရွယ်၍ ဝန်ကြီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ပူးပေါင်း၍ “လူကုန် ကူးခြင်းကင်းဝေးဖို့အားလုံးဝန်းဝန်းပူးပေါင်းစို့” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၂ခုနှစ်၊ ဩဂုတ်လအတွင်း နေပြည်တော် ကောင်စီနယ်မြေနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ရာတွင် (၁.၈.၂၀၂၂) ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အ.ထ.က(မင်းကုန်း)တွင်လည်းကောင်း၊(၂.၈.၂၀၂၂)ရက်နေ့တွင် အ.ထ.က(၅) နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အ.ထ.က (၁)လှိုင်တွင်လည်းကောင်း၊ (၃.၈.၂၀၂၂) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အ.ထ.က(၃) လှိုင်တွင် လည်းကောင်း၊ (၅.၈.၂၀၂၂) ရက်နေ့တွင် အ.ထ.က(၄)လှိုင်တွင်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး အဆိုပါ အသိပညာပေးဟောပြောပွဲများသို့ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၆၈၈)ဦးတို့ တက်ရောက်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ‌ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဟောပြောပွဲနှင့် လမ်းကမ်းစာစောင်ဝေငှမှုသတင်း

MOS

DSW

DDM

DOR