လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)၌ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားအား (၂၂-၁၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  

သင်တန်းဆင်းပွဲအခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်မြင့်က လူငယ်များသည် လူ့အဖွဲ့အစည်း၏ အနာဂတ်များဖြစ်သကဲ့သို့ တိုင်းပြည်နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက်လည်း အဓိကအရင်းအမြစ်များဖြစ်သည့်အတွက် လူငယ်များပညာရည်မြင့်မာရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ အသိအမြင်ကြွယ်ဝစေရေးမှာ အစဉ်အမြဲလိုအပ်လျက်ရှိရာ လူငယ်များ အရည်အချင်း ပြည့်ဝပြီး စွမ်းရည်မြင့်မားစေမှုကို နှောင့်ယှက်ဟန့်တားနေသည့် မူးယစ်ဆေးဝါး ရန်စွယ်ကို ကာကွယ် တိုက်ဖျက်ရေးသည် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်‌ရေးလုပ်ငန်းသည် မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေးတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် နောက်ဆက်တွဲစောင့်ရှောက်မှု လုပ်ငန်းသည် အလွန်အရေးကြီး ပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များနှင့် နောက်ဆက်တွဲစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများက စေတနာထား၍ ဆောင်ရွက် သွားကြစေလိုပါကြောင်း၊  ယခုသင်တန်းတွင် သင်ကြားခဲ့ရသည့် သင်တန်းကာလ(၅) ရက်အတွင်း သိသင့် သိထိုက်သည့် အသိပညာများရရှိပြီး အဆိုပါအသိပညာဗဟုသုတများအား အခြေခံ၍ မိမိတို့ဒေသအတွင်း မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မှုခံယူပြီးသူများအား နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်သွားခြင်းဖြင့် နိုင်ငံတော်၏အကျိုးကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးနိုင်သည့် စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများဖြစ်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။

        ဆက်လက်၍ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုဥက္ကဋ္ဌ ဦးစံရှိန်က သင်တန်းသား/သူများအနေဖြင့် သင်တန်းမှသင်ကြားပေးလိုက်သော ဘာသာရပ်များအား မိမိတို့ ရပ်ရွာလူမှုအသိုင်းအဝိုင်းအတွင်း၌ လက်တွေ့အသုံးချခြင်းဖြင့် လူမှုအကျိုး၊ ရပ်ရွာအကျိုး၊ နိုင်ငံအကျိုး ကိုပိုမိုထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးဦးစီးဌာန၊ (အ.ထ.က )ဝက်ထီးကန် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှုပပျောက် ရေးအသင်း၊ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့် အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသား/သူများ စုစုပေါင်း(၈၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို နံနက်( ၁၁:၀၀ )နာရီအချိန်တွင် ပြီးစီးကြောင်းသတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR