လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် United Nations Office for the Coordination of Humanitarian Affairsတို့အကြား သဘောတူညီမှုစာလွှာ (Letter of Agreement - LoA) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ UNOCHA မှ ဌာနေရုံးအကြီးအကဲဖြစ်သူ Mr. David Carden နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ သဘောတူညီမှုစာလွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနား၌ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင်ဝန်ကြီးဌာနအနေဖြင့် ထိရောက်သော ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများမှတစ်ဆင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ပြီး ဘေးသင့်ပြည်သူများအတွက် ပိုမိုကောင်းမွန်သော လူမှုဘဝတည်ဆောက်ခြင်းဟူသော မူနှင့်အညီလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊   UNOCHA နှင့်သဘောတူညီမှုစာလွှာရေးထိုးခြင်းဖြင့် အစိုးရကဦးဆောင်သော ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများပိုမိုအားကောင်းစေရန် အားဖြည့်ဆောင်ရွက်ပေးခြင်း၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများ၊ နည်းပညာပိုင်းဆိုင်ရာအထောက်အကူပေးခြင်း၊ ကြိုတင်ပြင်ဆင်ရေးနှင့်သတင်းအချက်အလက်စီမံခန့်ခွဲခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို နိုင်ငံတော်အဆင့်မှသည် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်အထိ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီများဖွဲ့၍ ခိုင်မာစွာအားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အားလုံးအကျုံးဝင်ပါဝင်စေရေးဟူသော(All-Inclusive) ကိုအလေးထား၍ပြည်သူ့အကျိုးကိုရှေးရှုပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမျိုး၊ ဘာသာမခွဲခြားဘဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ၊နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိပါကြောင်း၊ ပြည်သူများ ၏ရေရှည်အကျိုးအတွက် ဆောင်ရွက်ရန်ဆန္ဒရှိသည့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊  ဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ပါကြောင်းစသဖြင့်ပြောကြားခဲ့ပါသည်။ ထို့နောက် UNOCHA (Myanmar) ၏ ဌာနေရုံးအကြီးအကဲဖြစ်သူ Mr. David Carden က သဘောတူညီမှုစာလွှာအရ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့မှုနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး သဘောတူညီစာလွှာလက်မှတ်ရေးထိုးနိုင်ရေးအတွက် ဝန်ကြီးဌာန၊ ဦးစီးဌာန၏ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်နှင့် UNOCHA (Myanmar) ၏ ဌာနေရုံးအကြီးအကဲဖြစ်သူ Mr. David Carden တို့ကသဘောတူညီမှုစာလွှာကိုလက်မှတ်ရေးထိုးခဲ့ကြပြီး အပြန်အလှန်လဲလှယ်ခဲ့ကြပါသည်။အဆိုပါသဘောတူညီစာလွှာ(LoA)သက်တမ်းကာလအတွင်း UNOCHA သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့်ပူးပေါင်း၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် နည်းပညာဆိုင်ရာပံ့ပိုးကူညီပေးခြင်းလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
(၁၃) ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများဂုဏ်ပြုညစာစားပွဲနှင့်ဒုတိယနေ့ အစည်းအဝေးများသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ဆက်လက်တက်ရောက်လျှက်ရှိ
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား

MOS

DSW

DDM

DOR