၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်း မျက်မမြင်ကျောင်း၏ (၂၂)နှစ်ပြည့် ကျောင်းနှစ်ပတ်လည်အခမ်းအနား ကျင်းပခဲ့ပါသည်။ အခမ်း အနားတွင် စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး၊ စစ်ကိုင်းမျက်မမြင်ကျောင်းမှ ဝန်ထမ်း များနှင့် ကျောင်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် စစ်ကိုင်းမျက်မမြင်ကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် ယနေ့သည် စစ်ကိုင်းမျက်မမြင်ကျောင်း၏ (၂၂)နှစ်ပြည့် ကျောင်းနှစ်ပတ်လည်နေ့ အခမ်းအနားဖြစ်ကြောင်း၊ မျက်မမြင်ကျောင်းသည် ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့တွင် (၂၂)နှစ်ရှိခဲ့ပြီးဖြစ်ပြီး စစ်ကိုင်းမျက်မမြင်ကျောင်းသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ လူမှု ဝန်ထမ်းဦးစီးဌာန လက်အောက်မှ ဖွင့်လှစ်ထားရှိသော ကျောင်းတစ်ကျောင်းဖြစ်ကြောင်း၊ လူမှု ဝန်ထမ်းဦးစီးဌာနတွင် လုပ်ငန်းကြီး(၇)ရပ်ရှိသည့်အနက် မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အို များဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ စစ်ကိုင်း မျက်မမြင်ကျောင်းသည် မြန်မာနိုင်ငံအထက်ပိုင်းရှိ အမြင်အာရုံမသန်စွမ်းသည့် ကျောင်းသား/ သူများအား ဦးစားပေးလက်ခံ လျက်ရှိကြောင်း၊ ကျောင်းသားလက်ခံခြင်းရာတွင် ကျား/မ မရွေး ကိုယ်စိတ်ကျန်းမာပြီး အသက်(၆) နှစ်မှ(၁၈)နှစ်အထိ လုံးဝမမြင်သူများ၊ အနည်းငယ်မြင်သူများကို အခမဲ့ကျောင်းအိပ်ကျောင်းစား လက်ခံစောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား/သူများအား ပညာရေးနှင့် အသက် မွေးဝမ်းကျောင်းပညာရပ်များ သက်ကြားပေးလျက်ရှိကြောင်း၊ ပညာရေးတွင် ကျောင်းတွင်းပညာရေးနှင့် (IE) Inilusive Education (လူတိုင်းအကျုံးဝင်ပညာ ရေး)တို့ဖြစ်ကြောင်း၊ ကျောင်းတွင်းပညာရေးတွင် KG မှ Grade-5 ထိ သင်ကြားပေးလျက်ရှိပြီး Grade-6 မှ Grade-12ထိကို စစ်ကိုင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်၍ ပညာသင်ကြားလျှက်ရှိပြီး ကျောင်းမှဆရာ/မများမှ Resource အဖြစ် ပြန်လည် သင်ကြားပေးလျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သော ဂျပန်-မြန်မာ အကြောပြင်သင်တန်း၊ ဗေဒင်သင်တန်း၊ ဂီတသင်တန်း၊ မျက်မမြင်စစ်တုရင်သင်တန်းမျာ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ ပညာတက်မြှောက်ပြီးသူများမှ ကျောင်းဖွံ့ဖြိုးရေး ရန်ပုံငွေရရှိရေး နှင့် ကျောင်းသား/သူများ ဝင်ငွေရရှိရေးအတွက် ဂျပန်-မြန်မာအကြောပြင်၊ ဗေဒင်ဟောခန်းတို့ ဖွင့်လှစ်ထားရှိပြီး ဝင်ငွေရလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ကျောင်းအုပ်ဆရာမကြီးမှ စစ်ကိုင်းမျက်မမြင်ကျောင်းသည် ကျောင်းသား/သူ (၁၀၀)ဆံ့ လက်ခံနိုင်သောကျောင်းဖြစ်ကြောင်း၊ ယခုနှစ်တွင် ကျောင်းသား/သူ(၂၁)ဦး လက်ခံစောင့်ရှောက် ထားရှိပြီး စာပေပညာနှင့်အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးပြီးတတ်မြောက် ထားသော ပညာရပ်များဖြင့် ကျောင်းသား/သူများမှ မိမိတို့ဘဝအား မိမိကိုယ်တိုင် နေထိုင်တတ် စေရန်ရှေးရှု၍ လေ့ကျင့်သင်ကြား ပေးလျက်ရှိပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဆုရရှိသော ကျောင်းသာ/သူများအား ဆုချီးမြှင့်ခြင်း၊ ဂျပန်-မြန်မာ အကြောပြင်သင်တန်းတက်ရောက်ခဲ့သော ကျောင်းသူ (၁)ဦးအား သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကျောင်းသား/သူများမှ တေးဂီတဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ကျောင်းသား/သူ များအား ပျော်ရွှင်စွာကံစမ်းမဲများ ဖောက်ပေးပြီး အခမ်းအနားကို (၁၂:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။










