လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၁၁.၂၀၂၅ )ရက်နေ့၊ နံနက် (၉း၃၀)အချိန်မှ (၁၂း၀၀)အချိန်ထိ  ဥတ္တရသီရိမြို့နယ်၊သရက်‌တောကျေးရွာအုပ်စု၊ အ.ထ.က (သရက်တော)တွင် ကျောင်းသားကျောင်းသူ  (၂၅၀) ဦးနှင့် ဆရာဆရာမ (၁၅)ဦးတို့အား ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့၍ လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေခဲ့ပြီး၊ နေ့လည် (၁၃:၀၀)အချိန်မှ (၁၆:၀၀)အချိန်အထိ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စုသရက်တောကျေးရွာ၊ မသိမ်ကျေးရွာ၊ ပိုးစာတောကျေးရွာများတွင် ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန် ရှောင်ရန်များအား လှည့်လည်နှိုးဆော်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား

MOS

DSW

DDM

DOR