လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်၁၆.၉.၂၀၂၅ရက်နေ့နံနက်ပိုင်းတွင်ပဲခူးမြို့၊ရပ်ကွက်ကြီး(၆)၊ဥဿာမြို့သစ်ရှိဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံနှင့်ဝန်ထမ်းအိမ်ရာသို့ရောက်ရှိပြီးဝန်ထမ်းများတာဝန်ထမ်းဆောင်မှုအခြေအနေ၊ထောက်ပံ့ရေးပစ္စည်းများသိုလှောင်ထားရှိမှုအခြေအနေနှင့်ရုံးပတ်ဝန်းကျင်၊ဝန်ထမ်းအိမ်ရာတို့ကိုကြည့်ရှုစစ်ဆေးပြီးဝန်ထမ်းများစည်းလုံးညီညွတ်စွာဖြင့်နေထိုင်တာဝန်ထမ်းဆောင်ကြရန်၊မီးဘေးအန္တရာယ်ဂရုပြုဆောင်ရွက်ရန်၊ကယ်ဆယ်ရေးပစ္စည်းများသက်တမ်းပြည့်အရည်အသွေးမီအသုံးပြုနိုင်ရေးသိုလှောင်ထိန်းသိမ်းထားရှိရန်လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ပဲခူးတိုင်း‌ဒေသကြီး၊ မြို့တော်ခန်းမ၌ကျင်းပရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးကသက်ကြီးပုဂ္ဂိုလ်များအတွက် အထောက်အပံ့ ဖြစ်နိုင်စေရေးနှင့် ၎င်းတို့အား လေးစားတန်ဖိုးထားခြင်းအားဖြင့် နိုင်ငံ‌တော်အစိုးရကထောက်ပံ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အဖြစ် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးများကို ၆ လစာ တစ်စုတစ်စည်းတည်းပေးအပ်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရပ်ရွာအတွင်းလူမှုရေးလိုအပ်ချက်များအပေါ်မူတည်ပြီးစေတနာကိုအရင်းခံ၍တည်ထောင်ဖွင့်လှစ်ဆောင်ရွက်နေကြသောကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများနဲ့ ဘိုးဘွားရိပ်သာများအတွက်နိုင်ငံတော်အနေဖြင့်ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ဂေဟာ/ရိပ်သာများအနေဖြင့်ဘဏ္ဍာရေးစည်းမျဉ်းများ၊စံလုပ်ငန်းလမ်းညွှန်များနှင့်အညီဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသက်၈၅နှစ်နှင့်အထက်လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ သက်ကြီးပုဂ္ဂိုလ် ၂၀၄၅၇ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေကျပ် ၁၂၀၄.၈၀၀သန်း၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၁၁ ခု၊ အမျိုးသမီးဂေဟာ ၁ ခုနှင့် ဘိုးဘွားရိပ်သာ ၁၆ ခု၊ စုစုပေါင်း ဂေဟာ/ရိပ်သာ ၂၈ ခုနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၇၉ ကျောင်းတို့အတွက် ထောက်ပံ့ကြေးကျပ် ၂၇၉ဒသမ၇၆၉သန်းနှင့်နေရပ်စွန့်ခွာပြည်သူ ၁၁၄၇၀၄ ဦးအတွက် နိုင်ငံတော်ကထောက်ပံ့ငွေ ကျပ် ၆၈၈၂ဒသမ၂၄၀ သန်းကိုပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အားပေးအပ်ခဲ့ပါသည်။ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးနှင့်ဝန်ကြီးချုပ်တို့သည်မသန်စွမ်းသူ (၃)ဦးအား Wheel Chair များပေးအပ်ခဲ့ပါသည်။

ယနေ့အခမ်းအနားတွင်ပဲခူးတိုင်းဒေသကြီးအတွင်းရှိအသက်၈၅နှစ်နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ၂၀၄၅၇ဦး၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကစောင့်ရှောက်ထားသူ၁၉၃၃ဦးနှင့်နေရပ်စွန့်ခွာပြည်သူ၁၁၄၇၀၄ဦး၊စုစုပေါင်း၁၃၇၀၉၄ဦးအတွက်ထောက်ပံ့ငွေစုစုပေါင်းငွေကျပ်၈၃၆၆ဒသမ၈၀၉ သန်းထောက်ပံ့ပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး၊ပဲခူးတိုင်းဒေသကြီးလူမှုရေးဝန်ကြီးနှင့်အဖွဲ့တို့သည် ပဲခူးတိုင်းဒေသကြီး ပဲခူးမူလတန်းကြိုကျောင်း အမှတ်(၁)သို့သွားရောက်ခဲ့ပြီး ကလေးငယ်များအား စောင့်ရှောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကလေးများအားမုန့်များပေးအပ်ပြီးရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ပဲခူးတိုင်းအတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး တင်ပြချက်များအားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR