မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ညွှန်ကြားရေးမှူးချုပ်၊ဌာနဆိုင်ရာကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်၊၊

          ရှေးဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးကအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီကို၂၀၂၆ခုနှစ်၊ဇန်နဝါရီလ၂၃ရက်နေ့တွင်မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၏အမိန့်ကြော်ငြာစာအမှတ်၀၁၅/၂၀၂၆ဖြင့်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊လုပ်ငန်းဆပ်ကော်မတီ၁၅ခုကိုလည်းနေပြည်တော်၊တိုင်းဒေသကြီး/ပြည်နယ်များအလိုက်ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊လုပ်ငန်းကော်မတီအနေဖြင့်ပုံမှန်အစည်းအဝေးများကျင်းပခြင်း၊ အန္တရာယ်ရှိသောလုပ်ငန်းခွင်မှကလေးလုပ်သားများကိုဖယ်ရှား၍ခိုင်းစေသူကို ဥပဒေနှင့်အညီစစ်ဆေးအရေးယူခြင်း၊ ညွှန်းပို့စနစ်ဆောင်ရွက်ခြင်း၊ အရည်အသွေးပြည့်မီသောအခမဲ့ပညာသင်ကြားနိုင်ရေးချိတ်ဆက်ပေးခြင်း၊ကျောင်းပြင်ပရောက်လူငယ်များအတွက်သက်မွေးပညာသင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးခြင်း၊ကလေးအလုပ်သမားများအတွက်ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးအစီအစဉ်များကိုသက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများဖြင့်ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းတာဝန်များချမှတ် ဆောင်ရွက်နေပါကြောင်း၊နှစ်စဉ်ဘဏ္ဍာနှစ်အလိုက်ကလေးလုပ်သားစသည့် စစ်တမ်းအစီရင်ခံစာအရ တိုင်းဒေသကြီး/ပြည်နယ်တို့မှ အန္တရာယ်ရှိသောလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကလေးအလုပ်သမားများကိုတိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းရုံးများမှလူမှုဖြစ်ရပ်စီမံခန့်ခွဲသူများက လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီကွင်းဆင်းစိစစ်၍လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊လုပ်ငန်းကော်မတီ၏နှစ်စဉ်အစီရင်ခံစာ၊လစဉ်အစီရင်ခံစာများကိုမြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီသို့ပုံမှန်ပေးပို့တင်ပြလျက်ရှိပါကြောင်း၊မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့်ဒုတိယငါးနှစ်လုပ်ငန်းစီမံချက်(၂၀၂၄-၂၀၂၈)တွင်ပါရှိသောလုပ်ငန်းစဉ်များကိုသက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးမှာကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်မှ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ် လုပ်ငန်းဆောင်ရွက်ချက်များအားတင်ပြဆွေးနွေးခဲ့ပြီးအစည်းအဝေးသို့တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြပါသည်။

ထို့နောက်ဒုတိယဝန်ကြီးကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ထိခိုက်လွယ်အုပ်စုများကို ထောက်ပံ့ကူညီမှုများဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် အသက်အုပ်စုအလိုက် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သူများ၊ မသန်စွမ်းသူများ၊ သက်ကြီးပုဂ္ဂိုလ်များကို ကဏ္ဍအလိုက်ကူညီစောင့်ရှောက်မှုများ ပံ့ပိုးပေးလျက်ရှိပါ ကြောင်း၊ ကလေးသူငယ်များကိုအဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းမှ ကာကွယ်တားဆီးရန်နှင့် ခိုင်းစေသူကိုထိရောက်သောပြစ်ဒဏ်ပေးရန်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များအပေါ်ပုံစံအမျိုးမျိုး ဖြင့် အသုံးချမှုများ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများမရှိစေရေး ကာကွယ်တားဆီးမှုများ ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊အဓိကအားဖြင့် အလုပ်ရှင်များအား ဥပဒေပိုင်းဆိုင်ရာ အသိပညာများပေးရန်နှင့် မိဘများအတွက် ပုံမှန်ဝင်ငွေရရှိစေရေး အစီအစဉ်များရေးဆွဲဆောင်ရွက်ရန်လိုအပ်ပါကြောင်း ဆွေးနွေးမှာကြား၍ အစည်းအဝေးကိုနေ့လယ်၁၂:၀၀နာရီတွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR