မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီး ဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် Song Khawe Shelter တွင် လက်ခံစောင့်ရှောက်ထားသော မြန်မာနိုင်ငံသား လူကုန်ကူးခံရသူများအနက် မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်မှုရရှိပြီး ထိုင်းနိုင်ငံတွင် တရားရုံးသက်သေထွက်ဆိုပြီးသည့် လူကုန်ကူးခံရသူ အမျိုးသမီး(၁)ဦးနှင့် အမျိုးသမီးကလေး(၁)ဦး၊ တို့အား (၂.၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြဝတီ-မဲဆောက် လမ်းကြောင်းမှတဆင့် မြန်မာ-ထိုင်း နှစ်နိုင်ငံတာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် လွှဲပြောင်းလက်ခံခဲ့ပါသည်။

ယင်းသို့ ပြန်လည်လွှဲပြောင်းပေးရာတွင် ထိုင်းနိုင်ငံ၊ တ(ခ်)ခရိုင်၊ မဲဆောက်မြို့၊ Tak-Immigration ခန်းမ၌ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ၊ မြဝတီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲစိတ် (မြဝတီ)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်လူမှုဝန်ထမ်းရုံး၊ မြဝတီခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများပူးပေါင်း၍ ပြန်လည်လွှဲပြောင်းလက်ခံ ပြီးနောက် မြဝတီမြို့၊ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင်ခဲ့ပါသည်။ ယာယီလက်ခံ စောင့်ရှောက်စဉ်ကာလအတွင်း အခြေခံလိုအပ်ချက်များဖြည့်ဆည်းခြင်း၊ ခရီးသွားထောက်ခံစာများ ထုတ်ပေးခြင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(မြဝတီ)မှ လိုအပ်သည့်စုံစမ်းမေးမြန်းမှု များ ဆောင်ရွက်ခြင်းနှင့် ယင်းနေ့တွင်  ထိုင်းနိုင်ငံအစိုးရ ထောက်ပံ့ငွေ ဘတ်(၃၉၆၀၀)နှင့်အတူ မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။  

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR