မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်မှ ၁၃၈၅ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကာလတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး လက်အောက်ရှိ ဌာနငယ်/သင်တန်းကျောင်းနှင့် မူလတန်းကြိုကျောင်းများမှ ကျောင်းသား/ကျောင်းသူ၊ ကလေးသူငယ်များက မြန်မာ့ရိုးရာသင်္ကြန် ရေကစားခြင်း၊ ရိုးရာမုန့်များ ပြုလုပ်လှူဒါန်းခြင်း၊ စတုဒီသာကျွေးမွေးခြင်း၊ နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်များနာကြားခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ Royal Apex ရေသဘင်ပွဲ၏ ဌာနဆိုင်ရာရေပက်မဏ္ဍပ် (၁၀) ခုအနက် နွေဦးကဗျာသင်္ကြန် ရေကစားမဏ္ဍပ်တွင် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ ရန်ကုန်အမျိုးသမီးကလေးများ သင်တန်းကျောင်းနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနတို့မှ ကလေး(၄၀)ဦး၊ ဝန်ထမ်း မိသားစု(၁၀)ဦး စုစုပေါင်း(၅၀)ဦးသည် အခြားဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ နေ့စဉ်ရေပက်ကစားခြင်းကိုဆောင်ရွက်ခဲ့ကြပါသည်။ ထို့အပြင် ရန်ကုန်မြို့တော်ဝန် သင်္ကြန်ရေကစားမဏ္ဍပ်၌ ကျင်းပသည့် (၁၂)ဦး ယိမ်းပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြို ကျောင်း(၄)ကျောင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အောက်ပါဆုများ အသီးသီးရရှိခဲ့ကြပါသည်-

(က) မူလတန်းကြိုကျောင်းအမှတ်(၄) ပထမဆု

(ခ) မင်္ဂလာဒုံမူလတန်းကြိုကျောင်း(ကျား) ဒုတိယဆု

(ဂ) မင်္ဂလာဒုံမူလတန်းကြိုကျောင်း(မ) တတိယဆု

(ဃ) အမှတ်(၅)မူလတန်းကြိုကျောင်း တတိယဆု


နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR