လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)အား လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးဌာနစုပေါင်းအစည်းအဝေးခန်းမ၌၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊(၁၄:၀၀)နာရီတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ဦးဆောင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဌာနများမှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

          ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်ပါ လုပ်ငန်းစဉ်များအတိုင်း လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်မှုအား အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံ၏လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ်စီမံကိန်း(၂၀၂၂-၂၀၂၆)၏၂၀၂၅ခုနှစ်လုပ်ငန်းစီမံချက်ပါ လုပ်ငန်းရပ်များ၏ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းစဉ်များအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူကုန်ကူးခံရသူများအတွက် ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာများကို မူဆယ်၊ မန္တလေး၊ မြဝတီ၊ ကော့သောင်းနှင့် ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်ထားရှိပြီး၊ ဂေဟာမရှိသည့်ဒေသများ၌ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းများတွင်ယာယီလက်ခံစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ယာယီလက်ခံစောင့်ရှောက်ထားစဉ်သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရဖွဲ့များ၊ လုပ်ငန်းကော်မတီဝင်ဌာနများနှင့် အဖွဲ့အစည်းများမှ လူကုန်ကူးခံရသူများအား မိသားစုစုံစမ်းခြင်း၊မိဘရပ်ထံပြန်လည်အပ်နှံခြင်း၊နောက်ဆက်ဆွဲစောင့်ရှောက်ခြင်းနှင့်ပြန်လည်ထူထောင်ရေး

လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူကုန်ကူးခံရသူများအားပြန်လည်ထူထောင်ရေးအတွက် ၎င်းတို့ဆောင်ရွက်လိုသည့် ဒေသနှင့်ကိုက်ညီသော ဝင်ငွေရလုပ်ငန်းများဆောင်ရွက်ရန် အသက်မွေးဝမ်းကြောင်းနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ၊ ကျန်းမာရေး၊ပညာရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်းစသည့် လုပ်ငန်းများအတွက် တစ်ဦးလျှင်ကျပ်(၁၀)သိန်းအများဆုံးနှုန်းဖြင့်ပြန်လည်ထူထောင်ရေးဦးစီးဌာန ဘဏ္ဍာရန်ပုံငွေမှထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းထူထောင်နိုင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီခြင်းဖြင့်နောက်ထပ်တဖန် လူကုန်ကူးခံရခြင်းကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ လုပ်ငန်းကော်မတီ၏ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသိဏ်းက ယခင်ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)၏ အစည်းအဝေးဆုံးချက်ဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

          ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လူကုန်ကူးခံရသူများအနေဖြင့် ကိုယ်ရေးအချက်အလက် ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းဖြင့် ပံ့ပိုးကူညီရန် လွယ်ကူစေမှု၊ အလုပ်အကိုင်ရရှိစေရေး ပံ့ပိုးကူညီနိုင်မှု၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဆောင်ရွက်ပေးနိုင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နှစ်သိမ့်ဆွေးနွေးမှုအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်မှုအပါအဝင် လုပ်ငန်းဆောင်ရွက်ချက်များ၊ အကြံပြုချက်၊ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးခဲ့ကာ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီးခဲ့ပြီးအစည်းအဝေးကို(၁၅:၄၅)နာရီအချိန်တွင်ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှု စောင့်ကြည့်လေ့လာရေးနှင့်အစီရင်ခံစာတင်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား

MOS

DSW

DDM

DOR