လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး၊ကော့မှူးမြို့နယ်ရှိငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ရောက်ရှိခဲ့ရာကျောင်းအုပ်ကြီးကကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၂၀၁၉အရယောင်္ကျားလေး(၄၀၉) ဦးလက်ခံစောင့်ရှောက်ထားမှုအခြေအနေများကိုရှင်းလင်းတင်ပြပြီးကျောင်းအားလှည့်လည်ရှင်းလင်းပြသခဲ့ပါသည်။

ဒုတိယဝန်ကြီးကမြန်မာနိုင်ငံသည်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗန်းရှင်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကိုပြဌာန်းပြီးကလေးများရဲ့အကောင်းဆုံးအကျိုးစီးပွားဖြစ်ထွန်းစေရေးဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီနှင့်ဒေသဆိုင်ရာကော်မတီအဆင့်ဆင့်ကိုဖွဲ့စည်းထားပြီးကလေးသူငယ်များ၏အသက်ရှင်သန်ခွင့်၊ဖွံ့ဖြိုးတိုးတက်ခွင့်၊ကာကွယ်စောင့်ရှောက်ခံခွင့်၊ပါဝင်ဆောင်ရွက်ခွင့်များရရှိရေးများကိုဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ကလေးများသည်အနာဂါတ်ကိုပုံဖေါ်ကြမည့်သူများဖြစ်ပါကြောင်း၊စနစ်တကျနှင့်ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန်လိုပါကြောင်းပြောကြားပါသည်။

ကျောင်းမှသင်ကြားပေးနေသည့်စာပေနှင့်အသက်မွေးဝမ်းကျောင်းပညာများကိုဘဝရပ်တည်နိုင်သည်အထိတတ်မြောက်အောင်သင်ကြားပေးရန်၊အားကစားရေးရာဝန်ကြီးဌာနနှင့်ညှိနှိုင်းပေါင်းစပ်ပြီးလူငယ်သင်တန်းကျောင်းများတွင်ဖွင့်လှစ်သင်ကြားပေးနေသည့်အားကစားသင်တန်းများတွင်ဝါသနာကိုအခြေခံပြီးကျမ်းကျင်သူများပေါ်ထွက်လာအောင်လေ့ကျင့်သင်ကြားပေးရန်၊စိတ်ကိုပြုပြင်ပေးနိုင်သောဂီတအနုပညာနှင့်ဘာသာရေးအလေ့အကျင့်ကောင်းများ၊လူမှုဆက်ဆံရေးအတွက်ပြည်သူ့နီတိ၊ယဉ်ကျေးလိမ္မာ၊မျိုးချစ်စိတ်နှင့်ဇာတိမာန်ထက်မြက်စေရေး၊ကိုယ်ချင်းစာတရားနှင့်သူတပါးကိုလေးစားတန်ဘိုးထားတတ်ရန်အသိပညာပေးအစီအစဉ်များကိုထိထိရောက်ရောက်သင်ကြားပေးရန်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ကလေးတစ်ဦးချင်းစီဆောင်ရွက်ရမည့်လုပ်ငန်းများ၊အုပ်စုလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊အနားယူအပန်းဖြေခြင်းနှင့်ပျော်ပွဲရွှင်ပွဲအစီအစဉ်များကိုလည်းပိုမိုဆောင်ရွက်ပေးစေလိုပါကြောင်း၊တစ်ဦးချင်း၏နောက်ခံအခြေအနေပေါ်အခြေခံပြီးလူမှုဝန်ထမ်းနည်းလမ်းများဖြင့်စနစ်တကျလေ့ကျင့်သင်ကြားပေးရန်နှင့်မိသားစုရပ်ရွာအတွင်းပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးကိုဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ကလေးသူငယ်များ၏အခွင့်အရေးများနှင့်အညီနိုင်ငံတော်အစိုးရ၏ဆောင်ရွက်ပေးနေမှုကိုကလေးများကိုယ်တိုင်သိရှိပြီး

နိုင်ငံတော်၏ကျေးဇူးသစ္စာကိုစောင့်သိသောနိုင်ငံ့သားကောင်းများဖြစ်အောင်အလေးထားဆောင်ရွက်ပေးကြရန်လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက်ဒုတိယဝန်ကြီးသည်ဝန်ထမ်းများ၏တင်ပြချက်များအားဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီးကျောင်းသားများအားရင်းနှီးစွာတွေ့ဆုံခဲ့ပြီးလူငယ်ဘဝ၏အရေးပါမှုနှင့်စိတ်ဓါတ်ခွန်အားဖြစ်စေရန်များကိုဟောပြောဆွေးနွေးခဲ့ပါသည်။ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင်ကလေးသူငယ်တရားရုံးများမှပေးပို့သောအသက်၁၂နှစ်မှ၁၈နှစ်ထိယောင်္ကျားလေး၃၇၆ဦးနှင့်ကာကွယ်စောင့်ရှောက်ရန်လိုအပ်သောကလေး၃၃ဦးတို့အားလက်ခံစောင့်ရှောက်ထားကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR