လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကရင်ပြည်နယ်ခရီးစဉ်တွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ ကရင်ပြည် နယ် အစိုးရ အဖွဲ့၊
လူမှုရေးရာဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
ပြည်နယ်ဦးစီးမှူး၊ဘားအံခရိုင်ဦးစီးမှူးနှင့် ပြည်နယ်/ ခရိုင်ရုံးမှ
ဝန်ထမ်းများသည် ဒုတိယဝန်ကြီးနှင့်အတူ လိုက်ပါလျက်
(၁၄.၈.၂၀၂၆)ရက်နေ့တွင် မိုးသည်း ထန်စွာရွာသွန်း၍
သံလွင်မြစ်ရေမြင့်တက်မှုကြောင့် အထက(၁) မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်းနှင့်
အထက(၃) ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ပြောင်းရွှေ့ရောက်ရှိခဲ့သည့်ရေဘေးသင့်ထပ်တိုးအိမ်ထောင်စု
(၉၆)စု၊ လူဦးရေ စုစုပေါင်း (၄၁၂)ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂,၀၆၀,၀၀၀ိ/-)အားလည်းကောင်း၊
အဆိုပါ ယာယီ ကယ်ဆယ်ရေးစခန်း(၂)ခုရှိ အိမ်ထောင်စု (၂၄၈)စု၊ လူဦးရေ
(၁၀၅၂)ဦးတို့အတွက် လူ(၁)ဦးလျှင် ခေါက်ဆွဲခြောက် (၁)ထုပ်နူန်းဖြင့် (၁၀၅၂) ထုပ်၊
( တန်ဖိုးငွေ -၇၉၉,၅၂ဝိ/-)အားလည်းကောင်း၊ အိမ်ထောင်စု
(၁)စုလျှင် ငါးသေတ္တာ(၁)ဘူး နူန်း ဖြင့် (၂၄၈)ဘူး၊(တန်ဖိုးငွေ-၃၁၀,၀၀ဝိ/-)
အားလည်းကောင်း၊လူ(၁ )ဦးလျှင် ကြက်ဥ (၂)လုံး နူန်းဖြင့် (၂၁၀၄)လုံး၊( တန်ဖိုးငွေ
-၁၁၉၉၂၈ဝိ/-)အားလည်းကောင်း၊(၁၇.၈.၂၀၂၆)ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်တွင်
ရေဘေးသင့်ပြည်သူများအား လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ ထပ်တိုးပြောင်းရွှေ့ ရောက်ရှိလာသည့် အိမ်ထောင်စု (၃)စု၊ စုစုပေါင်းလူဦးရေ (၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၅,၀၀ဝိ/-) အား ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၈.၂၀၂၆)ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် ရေဘေးသင့်ပြည်သူများအား လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ခဲ့ပါသည်။
Source:DDM







