ASEAN COMMITTEE ON WOMEN (ACW) မှ ကြီးမှူးကျင်းပသည့် VIRTUAL BRIEFING ON THE DEVELOPMENT OF THE ASEAN COMMITTEE ON WOMEN (ACW) WORK PLAN (2026-2030) ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်၊ နေ့လယ် (၁၃:၀၀) နာရီတွင် virtual စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး ACW Chair ဖြစ်သည့် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေး ဦးဆောင်၍ ACW Focal Points များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ 

အစည်းအဝေးတွင် ACW Chair (Myanmar) က အဖွင့်အမှာစကားပြောကြားရာတွင် ACW အနေဖြင့် ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကားမြှင့်တင်ရေးအတွက် အာဆီယံမူဘောင်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ACW Work Plan 2021–2025 မှာ ပြီးဆုံးတော့မည်ဖြစ်သည့်အတွက် ယခုအစည်းအဝေးမှာ ACW Work Plan 2021–2025 အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ အတွေ့အကြုံများကို ပြန်လည်မျှဝေပြီး ACW Work Plan 2026–2030 တွင် ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြရန် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေးတွင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များက ACW Work Plan နှင့်စပ်လျဉ်း၍ ဦးဆောင် ဆွေးနွေးခဲ့ပြီး အာဆီယံနိုင်ငံများမှ ACW Focal Points များကလည်း မိမိတို့၏ အတွေ့အကြုံများ၊ အမြင်များကို ဆွေးနွေးဖလှယ်ခဲ့ကြပြီး ညနေ (၁၆:၀၀) နာရီတွင် အစည်းအဝေးပြီးဆုံးခဲ့ပါသည်။



နောက်ဆုံးရသတင်းများ


MOS

DSW

DDM

DOR