မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း သင်တန်းအား နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်တွင် (၁၆--၂၀၂၄) ရက်နေ့မှ (၁၇--၂၀၂၄) ရက်နေ့အထိဖွင့်လှစ် ဆောင်ရွက်လျှက်ရှိရာ နေပြည်တော်မသန်စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ နှင့် မသန်စွမ်းသူများ၊ နည်းပညာပံ့ပိုးသူများအဖွဲ့ (TCG) အဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့အစည်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ မသန်စွမ်းသူများ၏အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(UNCRPD)၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း လုပ်ငန်းအဆင့်ဆင့်၊ မသန်စွမ်းမှုစိစစ်ရန်အတွက် ပြုစုထားရှိ သည့် အသက်အရွယ်အလိုက်မေးခွန်းလွှာ () စုံတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနအနေဖြင့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်း နှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို (၂၀၂၂ - ၂၀၂၃) ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်းမြို့နယ် (၁၄) မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိကြောင်း၊  ယခု (၂၀၂၄ -၂၀၂၅) ဘဏ္ဍာနှစ်အတွင်း နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ မြို့နယ်အားလုံးတွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်ကုန်အထိ စီမံကိန်းမြို့နယ်များမှ မိမိတို့ဆန္ဒအလျောက် မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ်လျှောက်ထားလာသူ (၂၉၆၈) ဦးကို မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးထားပြီးဖြစ်ကြောင်းနှင့် မြို့နယ်များအလိုက် ထပ်မံလျှောက်ထားလာသည့် မသန်စွမ်း သူများ စိစစ်၍ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်များ ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု

MOS

DSW

DDM

DOR