မွန်ပြည်နယ် အမျိုးသမီးကော်မတီမှကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို (၃.၇.၂၀၂၄) ရက်၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီမှပေးပို့လာသည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် Video Clip ပြသခြင်း၊ မွန်ပြည်နယ်အတွင်း ပညာရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ လူမှုရေးကဏ္ဍများတွင် ထူးချွန်ခဲ့သော အမျိုးသမီး(၁၅) ဦးအားဂုဏ်ပြုဆုငွေ ကျပ်တစ်သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခြင်း၊ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးနှင့် ကြီးကြပ်မှုအောက်ရှိ ဌာနငယ်ကျောင်းများမှ ဝန်ထမ်းများက “မြန်မာမလေး”တေးသီချင်းဖြင့်တေးသရုပ်ဖော်ဖျော်ဖြေကပြခြင်း၊ မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ “ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ”တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မော်လမြိုင်မြို့ အားကစားနှင်ကာယပညာသိပ္ပံကျောင်းမှ သင်တန်းသူလေးများက “Fitness Dance” အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ ထို့နောက် မွန်ပြည်နယ် ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်သွားသည့်အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်၍ အခမ်းအနားကို နံနက် (၁၀:၁၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ 

အခမ်းအနားအပြီးတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ခန်းမတွင်းခင်းကျင်းပြသထားသော မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးထမ်းရုံး၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ မွန်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ၊ မွန်ပြည်နယ်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအဖွဲ့၊ နွေးထွေးသောရင်ခွင်အဖွဲ့တို၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်များ၊ မော်လမြိုင်မြို့၊ အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းနှင့် အကြမ်းဖက်ခံရသော အမျိုးသမီးကလေးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ မော်လမြိုင် (OSWSC) တို့မှ အမျိုးသမီးငယ်များ၏ ထုတ်ကုန်များအား ကြည့်ရှုအားပေးခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား (၃၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။




နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR