၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်မျာနေ့ အခမ်းအနားကို နံနက် (၁၀:၃၀) နာရီ အချိန်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါအခမ်းအနားတွင် ဘိုးဘွားများအား ပြည်နယ်လူမှုဝန်ထမ်းရုံးမှ နံနက်စာ အာဟာရ တာဝန်ယူကျွေးမွေးခြင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး တက်ရောက်လာကြသော ဧည့်သည်တော်များက ဘိုးဘွားများအား ကန်တော့ချိုးဖြင့်ကန်တော့ခြင်း၊ အလှူငွေနှင့် ပစ္စည်းများ ဂါရဝပြုလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသော ဘိုးဘွားများ ကိုယ်စား အဘိုး (၁) ဦးနှင့် အဘွား (၁) ဦး တို့က ဆုတောင်းမေတ္တာများပြန်လည်ပို့သခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သည့် မွန်ပြည်နယ်အတွင်း အသက်အကြီးဆုံးဘိုးဘွား (၂) ဦးအား မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် လိုက်လံ၍ ဂါရဝပြုကန်တော့ခဲ့ပါသည်။

အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ် / ခရိုင် / မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ မြို့မိ / မြို့ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်းအင်အား  (၃၀၀)ဦး ခန့် တက်ရောက်ခဲ့ကြပါသည်။ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့တွင် ဘိုးဘွား (၁၀၂) ဦးအတွက် အလှူငွေနှင့်ဂါရဝပစ္စည်းတန်ဖိုး ကျပ် ၂၀၁,၀၉,၀၀ဝိ/- (နှစ်ရာတစ်သိန်းကိုးထောင်တိတိ) အား လှူဒါန်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR