လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakurဦးဆောင်သောအဖွဲ့အားယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြားနားလည်မှုစာချွန်လွှာ(MoU)အရရခိုင်ပြည်နယ်အတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေကိုပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီးနောက် MoU အရရခိုင်ပြည်နယ်အတွင်းဆောင်ရွက်ခဲ့သည့်ဒုတိယနှစ်စီမံကိန်း(၂)ခုလုပ်ငန်းစတင်လည်ပတ်ခြင်းအစီအစဉ်ကိုHybrid စနစ်ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ပြီးရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးစံရွှေမောင်က Online မှ ပါဝင်တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ဖွံ့ဖြိုးမှုအကူအညီစီမံကိန်းပူးပေါင်းဆောင်ရွက်မှုလက်ရှိအခြေအနေများ၊ လူသားချင်းစာနာမှုအကူအညီပေးအပ်ခဲ့မှုအခြေအနေများနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အိန္ဒိယနိုင်ငံမှ ပညာသင်ဆုပေးအပ်ခဲ့မှုအခြေအနေ၊ အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးကဖွံ့ဖြိုးမှုစီမံကိန်းလက်ရှိအခြေအနေများအားဆွေးနွေးပြောကြားခဲ့ပါသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)က MoU အရဆောင်ရွက်လျက်ရှိသည့်ဒုတိယနှစ်စီမံကိန်းလုပ်ငန်းများ၏ အခြေအနေနှင့် လုပ်ငန်းစတင်လည်ပတ်သည့်စီမံကိန်း(၂)ခုဖြစ်သောပြည်သူ့ဆေးရုံတွင် အမှိုက်မီးရှို့စက်တည်ဆောက်ခြင်းနှင့်ရေပေးဝေခြင်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီးနောက် စီမံကိန်းဆောင်ရွက်ပြီးစီးမှုမှတ်တမ်းအားပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR