“မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာမူဝါဒနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုတို့သည် လူတိုင်း အတွက်သေချာစေရေးနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအခြေခံမူများနှင့် ကိုက်ညီ မှုကို အားပေးစေသည့် တွေ့ဆုံဆွေးနွေးပွဲ”ကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ Espace Avenir တွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မသန်စွမ်း သူများ၏အခွင့်အရေးများဆိုင်ရာ သဘာဝဘေးနှင့်အခြားအရေးပေါ်အခြေအနေဆိုင်ရာ ဆပ် ကော်မတီဝင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်း ချုပ်နှင့် မသန်စွမ်းအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

          ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသိဏ်းမှ အဖွင့် အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့်အရေး ဆိုင်ရာကွန်ဗင်းရှင်း (UNCRPD)တွင် အဖွဲ့ဝင်အဖြစ်ပါဝင်လျက်ရှိပြီး ဘေးအန္တရာယ်ဖြစ်ပွား သည့်အခြေအနေများတွင် မသန်စွမ်းသူများအားလုံးကို အကာအကွယ်ပေးရေးနှင့် ဘေးကင်း လုံခြုံရေးတို့အတွက် လိုအပ်သောအစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန် စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅)နှင့် နည်းဥပဒေများ (၂၀၁၇) တို့ကို ပြဋ္ဌာန်းထား ရှိပြီး မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ နှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ (၂၀၁၃)နှင့် နည်းဥပဒေများ(၂၀၁၅)တို့ကို ပြဋ္ဌာန်းထားပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် လိုအပ်သောဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် အခြားသူများထက် ပိုမိုထိခိုက်လွယ်သည့် အနေအထားရှိသည့်အတွက် “တစ်ဦးတစ်ယောက်မျှ မကျန်လှပ်စေရေး” မူနှင့်အညီ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေး ကော်မတီနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီတို့မှ ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုလျော့ချနိုင်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေးအပါအဝင် သဘာဝဘေးကိစ္စရပ်များတွင် အစိုးရဌာနများ ဆောင် ရွက်ပေးနေမှုများနှင့် မသန်စွမ်းအသင်းအဖွဲ့များမှ ဆောင်ရွက်နေမှုများ ချိတ်ဆက်မိစေရေး  ပေါင်းစပ်အကျိုးသက်ရောက်မှု (Synergy Effect) ဖြစ်စေရေးတို့အတွက်  ယနေ့တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲများတွင် လက်တွေ့ကျပြီး အောင်မြင်မှုရနိုင်မည့် နည်းလမ်းများအား ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်းနှင့် ဆွေးနွေးပွဲ၏ရလဒ်အား လိုအပ်သလိုတင်ပြအသုံးချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍  မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ဥက္ကဋ္ဌက ဆွေးနွေးပွဲကျင်းပ ရသည့် အကြောင်းအရင်းနှင့် မျှော်မှန်းရလဒ်များအားလည်းကောင်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူက မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်နှင့် အားလုံးအကျုံးဝင်ပါဝင်စေရေး ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက သဘာဝဘေးအန္တရာယ် ဆိုင်ရာ ကြိုတင်သတိပေးစနစ်အားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ တက်ရောက်လာသူများအနေဖြင့် အုပ်စုလိုက်ဆွေးနွေးပွဲများ ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR