လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ‌ဒေါက်တာသက်သက်ခိုင်အား အာဆီယံဥက္ကဌအထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲ ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ Mr. Kung Phoak ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက  အာဆီယံ၏တူညီဆန္ဒ(၅) ချက်အရ မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လူသားချင်းစာနာမှုအကူအညီပေးအပ်မည့်အစီအစဉ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ လူသားချင်းစာနာမှုအကူအညီပေးရေးကနဦးလိုအပ်ချက်ဆိုင်ရာ အကဲဖြတ်ဆန်းစစ်ချက် (Preliminary Needs Assessment-PNA) အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်ရန်များအားရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။

အာဆီယံဥက္ကဌအထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲ ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ Mr. Kung Phoak နှင့်အဖွဲ့ကလည်း ကနဦးလိုအပ်ချက်ဆိုင်ရာ အကဲဖြတ်ဆန်းစစ်ချက် ဆက်လက်ဆောင်ရွက်ရန် မြန်မာနိုင်ငံနှင့် ဝန်ကြီးဌာနဘက်မှ ပံ့ပိုးကူညီပေးစေလိုသည်များ၊ အာဆီယံမှတစ်ဆင့်ပေးအပ်မည့် လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ရေး ပူးပေါင်းဆောင်ရွက်ရန်များ၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံအနေဖြင့် ပူးပေါင်းပံ့ပိုးနိုင်သည်များ၊ ကမ္ဘောဒီးယားနိုင်ငံ၏ အတွေ့အကြုံများ နှီးနှောဖလှယ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

တွေ့ဆုံပွဲသို့ အာဆီယံဥက္ကဌအထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲ ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ Mr. Kung Phoak နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR