မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ သတင်းအချက်အလက်နည်းပညာနှင့် လွယ်ကူ စွာသွားလာနေထိုင်အသုံးပြုနိုင်ရေးဆိုင်ရာ ဆပ်ကော်မတီအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဉီးစီးဌာန၊ အစည်း အဝေးခန်းမတွင် ဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြန်လည်ထူထောင်ရေးဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအုန်းလှိုင် ဦးဆောင်၍ ကျင်းပရာ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ သတင်းအချက် အလက်နည်းပညာနှင့် လွယ်ကူစွာသွားလာနေထိုင်အသုံးပြုနိုင်ရေး ဆပ်ကော်မတီဝင်များ တက်ရောက် ခဲ့ကြပါသည်။

ပြန်လည်ထူထောင်ရေးဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီကို ၂၀၁၈ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ပြည်ထောင်စု ဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းကော်မတီ၏အောက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သတင်းအချက်အလက်၊ နည်းပညာနှင့်လွယ်ကူစွာသွားလာနေထိုင် အသုံးပြု နိုင်ရေးဆပ်ကော်မတီအပါအဝင် ဆပ်ကော်မတီ (၉) ခုဖွဲ့စည်းထားရှိပါကြောင်း၊ မိမိတို့ဆပ်ကော်မတီ အနေဖြင့် အများပြည်သူဆိုင်ရာနေရာ၊ အဆောက်အဦများ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်များတွင် မသန်စွမ်းသူများ ကိုယ်စိတ်နှစ်ပါး လုံခြုံစွာအသုံးပြုနိုင်ရေး၊ မသန်စွမ်းသူများ အထောက်အကူပြုကိရိယာများဖြင့် အလွယ်တကူသွားလာနိုင်ရေး၊ မသန်စွမ်းသူများအတွက် အထောက်အကူဖြစ်စေသော အမှတ်အသားများ၊ သင်္ကေတများ၊ အချက်ပြကိရိယာနှင့် အခြားလိုအပ် သည်များ တပ်ဆင်ပေးရေး၊  သတင်းပြန်ကြားရေးနှင့် လူထုဆက်သွယ်ရေးကဏ္ဍတို့တွင် မသန်စွမ်း သူများလွယ်ကူစွာသုံးစွဲနိုင်ရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၊ စည်ပင်သာယာရေးကော်မတီများ၊ အခြားအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများ ဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇) တွင် မိမိတို့ဆပ်ကော်မတီမှ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစီမံချက် (Action Plan) ရေးဆွဲအတည်ပြုချက်ရယူပြီး (၁၅-၂-၂၀၂၄) ရက်နေ့တွင် မိတ်ဆက်ဖြန့်ချိထားရှိပြီးဖြစ်ပါကြောင်း၊ အများပြည်သူဆိုင်ရာနေရာ၊ အဆောက်အဦများတွင် မသန်စွမ်းသူများ အလွယ်တကူ အသုံးပြုနိုင်ရေးအတွက် Check List အား လည်း ဆပ်ကော်မတီအနေဖြင့် ပြုစုထားရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အဆိုပါဆပ်ကော်မတီဝင်၊ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဆပ်ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR