မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ကျိုင်းတုံ)တွင် စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းကို (၁.၁၂.၂၀၂၁)ရက်နေ့မှ စတင်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါ သည်။ အဆိုပါစခန်းတွင် သင်တန်းဖွင့်ပွဲအခမ်းအနားကို (၆.၁၂.၂၀၂၁)ရက်နေ့ နံနက်(၀၉:၀၀) အချိန် တွင် ကျင်းပပြုလုပ်ခဲ့ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက လာရောက်၍ သင်တန်းဖွင့်ပွဲမိန့်ခွန်း ပြောကြားပေးပြီး ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံး မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က အမှာစကားပြောကြား၍စခန်းမန်နေဂျာ ဦးမျိုးသက်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းကာလအတွင်း ဆောင်ရွက်ပေးမည့်အစီအစဉ်များ ရှင်းလင်းပြောကြားခဲ့ပါသည်။

               ထို့နောက် ဖွင့်ပွဲအခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက သင်တန်းတွင်အသုံးပြုရန် ကြက်ဥ(၃၀၀)လုံး၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ခေါက်ဆွဲအကြီး(၁)ဖာ၊ ဦးအောင်ခင်(နဂါးနှစ်ကောင်သတ္တုတူးဖော်ရေးကုမ္ပဏီ)မှ ငွေကျပ်(၁၀)သိန်းနှင့် ပြည်နယ်အား/ကာမှ အားကစားပစ္စည်းများပေးအပ်ခဲ့ပြီး မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)မှ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် စုစုပေါင်းအင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။


               

            မူးယစ်ဆေးဖြတ်သူများပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်)မှ (၇.၁၂.၂၀၂၁)ရက် နေ့ နံနက်(၁၀:၀၀)အချိန်တွင် သင်တန်းဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၂)ရဲလေ့ကျင့် ရေးကျောင်းမှ ကျောင်းအုပ်ကြီး   ရဲမှူးကြီးစန်းကိုက လာရောက်၍ အဖွင့်အမှာစကားပြောကြားပေးပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးခင်ထွန်းက သင်တန်းဖွင့်လှစ်ရ ခြင်း ရည်ရွယ်ချက်နှင့် သင်တန်းကာလအတွင်း ဆောင်ရွက်ပေးမည့် အစီအစဉ်များ ရှင်းလင်းပြော ကြားခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမှတ်(၂)ရဲလေ့ကျင့်ရေးကျောင်းမှ ဒုတိယ ကျောင်းအုပ်ကြီး ဒုရဲမှူးကြီးထွန်းဖေ၊ အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းအောင်၊ ဝက်ထီးကန် တိုက်နယ်ဆေးရုံမှ တိုက်နယ်ဆရာဝန် ဒေါက်တာတင်ဌေးဌေးအိ၊ မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)မှ တာဝန်ခံ ဦးဇော်ဝင်းထွဋ်နှင့် ကျန်းမာရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီး စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအဖွဲ့မှ တိုင်းဥက္ကဋ္ဌ ဦးဇော်ဝင်း၊ ဒေါ်နွဲ့ကြည်၊ မြို့နယ်ဥက္ကဋ္ဌ ဦးကျော်ဇေယျနှင့် အဖွဲ့ဝင် ဒေါ်စန်းစန်းဝင်း၊ မူးယစ်ဆေး ဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)မှဝန်ထမ်းများနှင့် သင်တန်းသားများ စုစုပေါင်း အင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက်(၁၁:၀၀)နာရီတွင် ကျင်းပပြုလုပ်ပြီးစီး ခဲ့ပါသည်။


                                 

                     မူးယစ်ဆေးဖြတ်သူများပြန်လည်ထူထောင်ရေးစခန်း(မြစ်ကြီးနား)မှ (၈.၁၂.၂၀၂၁)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် သင်တန်းဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးရ အဖွဲ့ သယံဇာတရေးရာဝန်ကြီးဌာန ဝန်ကြီးဦးတိန့်ဆောင်က လာရောက်၍ အဖွင့်အမှာစကား ပြော ကြားပေးပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သင်တန်းသားများ စုစုပေါင်းအင်အား(၈၀)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက်(၁၁:၀၀)နာရီတွင်  ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း အဆိုးဆုံးရွားပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR