ပြန်လည်ထူထောင်ရေးဦးစီးဌာနရှိ အရာထမ်း၊အမှုထမ်းများ၏ Computer စွမ်းရည်မြင့်မားရေးအတွက် Computer Basic and Networking သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကိုယနေ့၊ နံနက် (၉:၃၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြန်လည် ထူထောင်ရေးဦးစီးဌာနရှိ ဝန်ထမ်းတစ်ဦးချင်းစီ၏ Capacity ကိုမြှင့်တင်ရန်အတွက် ယခုလိုသင်တန်းများ ဖွွင့်လှစ်ပြီး သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ လူတစ်ဦးချင်းစီတိုင်းသည် မိမိကျွမ်းကျင်သည့် အရည်အချင်း များရှိကြသဖြင့် မိမိတတ်ကျွမ်းသည့် ပညာရပ်ဖြင့် တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများသည် Computer နှင့် အချိန်ပြည့်ရုံးလုပ်ငန်းများ ဆောင်ရွက်ရသဖြင့် Computer Basic သင်တန်းဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် IT ခေတ်ဖြစ်သည့်အတွက် ITနှင့် စပ်လျဉ်းသည့် အခြေခံဗဟုသုတသိထားဖို့လိုအပ်ပြီး လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချ တတ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ယနေ့ဖွင့်လှစ်သည့် Computer Basic and Networking သင်တန်းကို အရာထမ်း၊အမှုထမ်း စုစုပေါင်း သင်တန်းသား (၃၀)ဦးတက်ရောက်၍ သင်တန်းကာလအနေဖြင့် (၂)ရက်တာဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR