မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၃)ခု ၊အမျိုးသမီးဂေဟာ(၁)ခု၊ ဘိုးဘွားရိပ်သာ (၄)ခု၊ ကိုယ့်အားကိုယ်ကိုး မူလ တန်းကြိုကျောင်း(၈၆)ကျောင်းတို့အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ(၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေများပေးအပ်ခြင်း အခမ်းအနားကို (၂၃.၉.၂၀၂၅)ရက်၊ နံနက်(၉း၃၀)နာရီအချိန်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကအဖွင့်အမှာစကားပြောကြားပြီး ထောက်ပံ့ကြေးများကို ပရဟိတဂေဟာ(၄)ခု ကိုယ်စား (၁)ဦး အား ထောက်ပံ့ငွေကျပ် (၆၆.၂၈)သန်း အားလည်းကောင်း ဘိုးဘွားရိပ်သာ (၄)ခုကိုယ်စား၊ ကိုယ်စားလှယ်(၁)ဦးအား ထောက်ပံ့ငွေကျပ် (၁၃.၂၆၀)သန်းအား လည်းကောင်း၊ ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်း(၈၆)ကျောင်း၏ကိုယ်စားဆရာမ(၂)ဦးအား ထောက်ပံ့ငွေကျပ် (၉၁.၁၆၀)သန်းအားလည်းကောင်း၊ မုဒုံမြို့နယ်တံခွန်တိုင်လူငယ်ရိပ်သာအား ကျပ်(၁)သိန်းအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့နောက် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ အားလုံးကိုယ်စား တောင်ဝိုင်းဘိုးဘွားရိပ်သာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးစိုးသန်းက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို နံနက်(၁၀:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

အခမ်းအနားတွင် မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအားလုံးကို လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် (၁၇၀.၈၀၂)သန်းအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ အပါအဝင် စုစုပေါင်း(၁၆၀)ဦး တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR