ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်း ကျေးရွာအုပ်စု၊ ရန်အောင်ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
၀၄ မေ ၂၀၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့ နယ်၊ သပြေတန်းကျေးရွာအုပ်စု၊ ရန်အောင်ကျေးရွာ၌ (၂၈.၄.၂၀၂၆)ရက်နေ့ (၁၇း၁၀) အချိန်ခန့်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့်
တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၉၀,၀၀ဝိ/-)တို့အား (၂၉.၄.၂၀၂၆)ရက်နေ့၊ (၀၉း၃၀) အချိန်တွင်၊ သပြေတန်းကျေးရွာအုပ်စု၊
ရန်အောင်ကျေးရွာ၌ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။
Source:DDM