ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေး(၂/၂၀၂၄)ကို (၁၁.၆.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လုပ်ငန်းကော်မတီ  ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ဒုတိယဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးတင်စိုးနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ 

        အဆိုပါအစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု ဒုတိယ(၁)နှစ်သက်တမ်း၏ ဒုတိယ(၆)လပတ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၏ ကောက်နှုတ်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံးသို့ ပေးပို့နိုင်ခဲ့ပါကြောင်း၊ ၁၀.၁၁.၂၀၂၃ ရက်နေ့မှစတင်သည့် တတိယ(၁)နှစ်သက်တမ်း၏ ပထမ(၆)လပတ်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြနိုင်ရေးအတွက် အစီရင်ခံစာ (မူကြမ်း)အပေါ် လုပ်ငန်းကော်မတီဝင်များ၏ အကြံပြုဆွေးနွေးချက်များဖြင့် ပြင်ဆင်ဖြည့်စွက်၍ အမျိုးသားအဆင့်ကော်မတီသို့ တင်ပြမှာဖြစ်ပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကာလ တတိယသက်တမ်းသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့မှာ တစ်နှစ်ပြည့်မည်ဖြစ်သည့်အတွက် စီမံချက်ကာလသက်တမ်းတိုးရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းကော်မတီဝင်များ၏ သဘောထားအမြင်များ၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၏ အားနည်းချက်/ အားသာချက်များကိုလည်း ထည့်သွင်းဆွေးနွေးပေးရန် ပြောကြားပါသည်။  

   ဆက်လက်၍ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု တတိယသက်တမ်း၏ ပထမ(၆)လပတ် အစီရင်ခံစာ(မူကြမ်း) ရေးသားထားမှုအပေါ် အစည်းအဝေး တက်ရောက်လာသော လုပ်ငန်းကော်မတီဝင်များမှ အကြံပြုဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် လုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လယ်(၁၅:၀၀)နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။ 









နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR