မတ် ၂၈ ရက်က ငလျင်လှုပ်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများဖြစ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ငွေကျပ်သိန်းသုံးရာ၊ စတီး ထမင်း စားဇလုံ(၁၀၀)၊ စတီးထမင်းစားပန်းကန်ပြား (၁၀၀)ချပ်၊ စတီးဇွန်း (၃၀၀) ချောင်း၊ စတီးဟင်းထည့်ပန်းကန်လုံး (၁၀၀)၊ ထမင်းချက် ဒန်အိုး၊ ဟင်းချက်ဒယ်အိုးနှင့် ပလပ်စတစ် ဇလားများအား  လာရောက်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် DMC ရုံးသို့ ဦးရဲကျော်ထွဋ် (MSI-Microtech Solutions, Switzerland) (Director , Modern Class Co;ltd , Myanmar)က ငွေကျပ် သိန်း(၁၀၀) ကိုလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသမီး စွမ်းဆောင်ရှင်အသင်းက ငွေကျပ် သိန်း(၂၀)ကိုလည်းကောင်း၊  ဦးမောင်မောင်သန်း (GOLD TWIN TIGERS TRADING CO;LTD) က ငွေကျပ် သိန်း(၁၁၀၀)နှင့် ငွေကျပ်သိန်း(၅၀၀) တန်ဖိုးရှိ ဆေးရုံးသုံးပစ္စည်းနှင့်စက်ပစ္စည်းတို့ကိုလည်းကောင်း  ပေးအပ်လှူဒါန်းကြရာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီးက ၂၈၃.၂၀၂၅ ရက်နေ့တွင် အလွန်ပြင်းထန်သော မြေငလျင် လှုပ်ခတ်မှုကြောင့် ဝန်ထမ်းအတော်များများသည် ယာယီနေထိုင်ရာနေရာများတွင် ရောက်ရှိ နေကြောင်း၊ လိုအပ်ချက်များ များစွာရှိနေပါ၍ ကာလဒါနအဖြစ် လှူဒါန်းခြင်းအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR