မတ် ၂၈ ရက်က ငလျင်လှုပ်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများဖြစ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ငွေကျပ်သိန်းသုံးရာ၊ စတီး ထမင်း စားဇလုံ(၁၀၀)၊ စတီးထမင်းစားပန်းကန်ပြား (၁၀၀)ချပ်၊ စတီးဇွန်း (၃၀၀) ချောင်း၊ စတီးဟင်းထည့်ပန်းကန်လုံး (၁၀၀)၊ ထမင်းချက် ဒန်အိုး၊ ဟင်းချက်ဒယ်အိုးနှင့် ပလပ်စတစ် ဇလားများအား  လာရောက်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် DMC ရုံးသို့ ဦးရဲကျော်ထွဋ် (MSI-Microtech Solutions, Switzerland) (Director , Modern Class Co;ltd , Myanmar)က ငွေကျပ် သိန်း(၁၀၀) ကိုလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသမီး စွမ်းဆောင်ရှင်အသင်းက ငွေကျပ် သိန်း(၂၀)ကိုလည်းကောင်း၊  ဦးမောင်မောင်သန်း (GOLD TWIN TIGERS TRADING CO;LTD) က ငွေကျပ် သိန်း(၁၁၀၀)နှင့် ငွေကျပ်သိန်း(၅၀၀) တန်ဖိုးရှိ ဆေးရုံးသုံးပစ္စည်းနှင့်စက်ပစ္စည်းတို့ကိုလည်းကောင်း  ပေးအပ်လှူဒါန်းကြရာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီးက ၂၈၃.၂၀၂၅ ရက်နေ့တွင် အလွန်ပြင်းထန်သော မြေငလျင် လှုပ်ခတ်မှုကြောင့် ဝန်ထမ်းအတော်များများသည် ယာယီနေထိုင်ရာနေရာများတွင် ရောက်ရှိ နေကြောင်း၊ လိုအပ်ချက်များ များစွာရှိနေပါ၍ ကာလဒါနအဖြစ် လှူဒါန်းခြင်းအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”

MOS

DSW

DDM

DOR