၂၀၂၆ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ ၂၀၂၇ ခုနှစ်၊ နှစ်ဆန်းပိုင်းအတွင်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများကို မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ထပ်ဆင့်အသိပညာပေးခြင်းကို ၁၉.၁၀.၂၀၂၆ ရက်တွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ
ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ယခုအခါ ဖြစ်ပေါ်လာမည့် အယ်လ်နီညိုဖြစ်စဉ်နှင့်ပတ်သက်၍
ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ တာဝန်ခံများသိရှိပြီး မိမိတို့ကျောင်းများတွင် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက်
အသိပညာပေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သောက်သုံးရေများပြတ်လပ်မှုမရှိစေရေး၊ လျှပ်စစ်မီးမပြတ်တောက်
စေရေးအတွက် Solar System များဖြင့် အစားထိုးဆောင်ရွက်နိုင်ရေးတို့အတွက် အသိပညာပေးအဖွင့်
ပြောကြားပြီး၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက
မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေပေးထားသည့် အသိပညာပေး Power Point တွင်
ပါဝင်သော အယ်လ်နီညိုဖြစ်စဉ်အကြောင်း၊ အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံအပေါ်တွင် သက်ရောက်လာမည့်အကျိုးစက်များ၊
အပူဒဏ်ကြောင့် ဖြစ်လာနိုင်သော ကျန်းမာရေးပြဿနာများ နှင့်အရေးပေါ်လက္ခဏာများကို ခွဲခြားသိရှိရန်၊
အလုပ်ခွင်၊ အိမ်နှင့်ရပ်ရွာတွင် လက်တွေ့ကာကွယ်ရေး နည်းလမ်းများကို အသုံးပြုနိုင်ရန်၊ ဌာနပေါင်းစုံပူးပေါင်း၍ အပူဒဏ်အန္တရာယ်လျှော့ချရေးများကို
ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်နည်းလမ်းများကို ထပ်ဆင့်အသိပညာပေးဟောပြောခဲ့ပြီး အသိပညာ
ပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်းနှင့် အဆိုပါ အသိပညာပေးဟောပြောပွဲ
သို့ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ တာဝန်ခံများ၊
စုစုပေါင်းအင်အား (၃၆) ဦးတက်ရောက်ခဲ့ကြပါသည်။









