မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးနှင့် Tdh-L တို့ပူးပေါင်း၍  ၁၄-၄-၂၀၂၄ ရက်နေ့ နံနက် ၉း၀၀ နာရီ မှ ၁၁း၀၀ နာရီအထိ သုဓမ္မာဇရပ်တန်းတွင်လည်းကောင်း၊ နေ့လယ် ၁၃း၀၀ နာရီမှ ၁၅း၀၀ နာရီအထိ လေယာဉ်ကွင်းဟောင်းဘေး ကယ်ဆယ်ရေးစခန်းနှင့် မဟာမြိုင် ဘုန်းကြီးကျောင်းတို့တွင်လည်းကောင်း ကလေးပျော်နေရာ ၄ ခု ဖွင့်လှစ်၍ ကလေးများအား ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း၊ ပန်းချီဆေးခြယ်ခြင်းစသည်တို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

သုဓမ္မာဇရပ်တန်းတွင် ကလေးငယ် ကျား ၂၈ ဦး၊ မ ၄၄ ဦး၊ စုစုပေါင်း ၇၂ ဦး၊ မဟာမြိုင် ဘုန်းကြီးကျောင်းတွင် ကလေးငယ် ကျား ၂၁ ဦး၊ မ ၁၃ ဦး၊ စုစုပေါင်း ၃၄ ဦးနှင့် ဆင်ဖြူကန်လေယာဉ်ကွင်းဟောင်း၊ ၇၈ လမ်းတွင် ကလေးငယ် ကျား ၂၉ ဦး၊ မ ၂၉ ဦး၊ စုစုပေါင်း ၅၈ ဦးကို စောင့်ရှောက်ပေးလျက်ရှိပါသည်။ 









နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”

MOS

DSW

DDM

DOR