လူမှုရေးဆိုင်ရာ အသိပညာမြင့်မားရေးစကားဝိုင်းဆွေးနွေးပွဲကို (၇.၇.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ အခမ်းအနားအစီအစဉ်(၂)ရပ်ဖြင့်  ကျင်းပဆောင်ရွက်ခဲ့ပြီး ပထမပိုင်းအစီအစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ကို ကျင်းပဆောင်ရွက်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများနှင့် ပြင်ပပညာရှင်တို့မှ သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ဆွေးနွေးပြောကြားခဲ့ပါသည်။ အစီအစဉ်အရ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးမှ သုံးသပ်အမှာစကား ပြောကြားခဲ့ပြီး  (၁၃:၀၀) နာရီအချိန်တွင်  အခမ်းအနားကို ရုပ်သိမ်းခဲ့ပါကြောင်း နှင့် အခမ်းအနားသို့ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၈၀)ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတီကြီးမှူး၍ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ
ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

MOS

DSW

DDM

DOR