လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများသည်၂၄-၂-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဧည့်ခန်းမ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာကျော်ထွန်းဦးဆောင်သောတာဝန်ရှိသူများနှင့် တွေ့ဆုံကာပြည်နယ်အတွင်းဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောလူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်နှင့်အောက်ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT)များအပါအဝင် လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကိုညှိနှိုင်းဆွေးနွေးခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ခု၊ (၆)လဘတ်ဂျက်တွင် ရှမ်းပြည်နယ်အတွင်းကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်နှင့်အောက်ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT)အတွက် ထောက်ပံ့ကြေးငွေကျပ်(၄၄,၈၇၄.၆)သိန်းကိုလည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ငွေကျပ်(၂,၈၄၅.၁၈၅)သိန်းကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဘတ်ဂျက်မှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေမှ ကျပ်(၁,၅၇၈.၈၈၂)သိန်းစသည့် စုစုပေါင်းထောက်ပံ့ကြေးငွေကျပ်(၄၉,၂၉၈.၆၆၇)သိန်းတို့ကိုထောက်ပံ့ပေးအပ်ခဲ့ရာအကျိုးခံစားခွင့်ရှိသူများကိုယ်စားပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သောတာဝန်ရှိသူများကလက်ခံခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိမိုးကုတ်ဝိပဿနာရိပ်သာသို့ ရောက်ရှိကြပြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဘတ်ဂျက်မှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၁၅၉.၃၀၆)သိန်းနှင့် ရိပ်သာအတွက်လှူဒါန်းငွေများကိုထောက်ပံ့ပေးအပ်ခဲ့ရာအကျိုးခံစားခွင့်ရှိသူများကိုယ်စားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများကလက်ခံခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပြည်နယ်လူမှုရေးဝန်ကြီးလိုက်ပါလျက် ဟိုပုံးမြို့ရှိပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံးသို့ ရောက်ရှိကြပြီးတာဝန်ရှိသူများနှင့်တွေ့ဆုံကာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်နှင့်အောက် ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT)လုပ်ငန်းများထိရောက်မြန်ဆန်စွာဆောင်ရွက်နိုင်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့်ဆက်စပ်သောဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မှုအခြေအနေများအားဆွေးနွေးခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဘတ်ဂျက်မှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂၈၈.၉၁၈)သိန်းတို့ကိုထောက်ပံ့ပေးအပ်ခဲ့ရာအကျိုးခံစားခွင့်ရှိသူများကိုယ်စားဒေသစီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများကလက်ခံခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပြည်နယ်လူမှုရေးဝန်ကြီးလိုက်ပါလျက် တောင်ကြီးမြို့မူလတန်းကြိုကျောင်းသို့ရောက်ရှိပြီးကလေးငယ်များ Social Distancing ပုံစံဖြင့် တက်ရောက်သင်ယူနေမှုအခြေအနေများ၊ ကလေးငယ်များတည်ဆောက်ကစားခြင်း၊ အတုယူကစားခြင်းပုံစံများဖြင့် သင်ယူနိုင်ရေးပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျောင်းအတွင်းကလေးငယ်များအားအစားအသောက်ကျွေးမွေးနိုင်ရေးပြင်ဆင်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်ချက်များအားညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်နယ်လူမှုရေးဝန်ကြီးလိုက်ပါလျက် တောင်ကြီးမြို့ရှိလူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် အေးသာယာမြို့ရှိဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံတို့အားရောက်ရှိစစ်ဆေးခဲ့ပြီးဝန်ကြီးဌာနမှအကောင်အထည်ဖော်‌ဆောင်ရွက်လျက်ရှိသောလူမှုရေးပင်စင်နှင့်ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်နှင့်အောက် ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT)လုပ်ငန်းများထိရောက်မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် အခြေခံကျသောစာရင်းဇယားအချက်အလက်များအားမှန်ကန်မြန်ဆန်စွာစိစစ်နိုင်ရေးမြို့နယ်အဆင့်၊ ခရိုင်အဆင့် မှ တာဝန်ရှိသူများအနေဖြင့် နည်းပညာလက်လှမ်းမီအသုံးချနိုင်ရေးစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်ရေးအတွက် မွမ်းမံသင်တန်းများစီစဉ်ပို့ချပေးရန်နှင့် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအားဦးစီးဌာနအလိုက်ပေါင်းစပ်၍ ဒေသအလိုက်၊ ကဏ္ဍအလိုက်အသိပညာပေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးစီမံချက်ရေးဆွဲဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီးတာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးကလိုအပ်ချက်များအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR