လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သီပေါလမ်း မှော်ဝန်ချောင်း၊ ချောင်းရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးအရှည် (၂၀၀)ပေခန့်၊ အကျယ်(၁၅)ပေခန့်၊ ချောင်းကမ်းပါးမြေပြိုကျြခင်း၊ ချောင်းကမ်းပါးမြေသားနိမ့်ကျပျက်စီးခြင်းများဖြစ်ပေါ်လျက်ရှိရာ   (၁၈-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၇:၃၀) နာရီအချိန်တွင် ချောင်းကမ်းပါးဆက်လက်ပြိုကျသဖြင့် ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းခဲ့သည့် နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၅) ဦးတို့အတွက် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-) နှင့် ဆန်ရိက္ခာဖိုး (၁၀၅၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၀၅၀ဝိ/-) အား (၂၀-၁၁-၂၀၂၃) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: DDM


နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR