လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှတာဝန်ရှိသူများလိုက်ပါလျက်ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့်သန်လျင်လူငယ်သင်တန်းကျောင်းများသို့ သွားရောက်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးနှင့်လူငယ်သင်တန်းကျောင်းမှကျောင်းအုပ်တို့က လုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်းတင်ပြခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးကတောင်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့်ပတ်သက်၍ ခရိုင်မှူးအနေဖြင့် တာဝန်ယူဆောင်ရွက်ရသော ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ သန်လျင်လူငယ်သင်တန်းကျောင်း၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် တောင်ပိုင်းခရိုင်အတွင်းရှိ  မြို့နယ်(၁၀)မြို့နယ်တို့တွင် လုပ်ငန်းဆောင်ရွက်ချက်များကိုအချက်အလက်များဖြင့် စနစ်တကျမှတ်တမ်းထားရှိရန်နှင့် တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်တွင် လူမှုဝန်ထမ်းလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ရုံးများဖွင့်လှစ်နိုင်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။ သန်လျင်လူငယ်သင်တန်းကျောင်းနှင့်ပတ်သက်၍ သင်တန်းကျောင်းတွင်လက်ခံထားရှိသော လူငယ်များစာရင်းကို ခုနှစ်အလိုက် စာရင်းများပြုစုထားရှိရန်၊ သင်တန်းကျောင်းနှင့်အဆောက်အဦများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကို အလေးထားဆောင်ရွက်ရန်၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ရာတွင်လည်း လူငယ်များနှင့်ကိုက်ညီမှုရှိသောသင်တန်းများဖြစ်စေရေးနှင့် လူငယ်များစိတ်ပိုင်းဆိုင်ရာနူးညံ့ပျော့ပျောင်းမှုရှိလာစေရေးတို့အတွက် ဂီတသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်လူငယ်သင်တန်းကျောင်းရှိ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေး(၃၅)ဦးနှင့် တရားရင်ဆိုင်ဆဲ ရီမန်ကလေး (၅၂)ဦး စုစုပေါင်း(၈၇)ဦးတို့ကို  ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ရေရှည်ဘဝရပ်တည်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာများ၊ အခြေခံမူလတန်းပညာနှင့် ကျောင်းပြင်ပပညာရေးတို့ကို မဖြစ်မနေ တတ်မြောက်အောင်သင်ယူကြရန်၊ မူးယစ်ဆေးဝါးသုံးစွဲမှုကင်းရှင်း၍ကျန်းမာသန်စွမ်းပြီးမိမိပတ်ဝန်းကျင်နှင့် နိုင်ငံတော်က အားကိုးအားထားပြုရသော လူငယ်လူရွယ်များဖြစ်လာစေရေး ကြိုးစားအားထုတ်နေထိုင်သွားကြရန်တို့ကိုလမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် သင်တန်းကျောင်းအတွင်းရှိ သင်တန်းသားအိပ်ဆောင်၊ စားရိပ်သာ၊ အခြေခံပညာမူလတန်းကျောင်းနှင့်ကျောင်းပြင်ပမူလတန်းပညာရေးကျောင်းဆောင်များကို  လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR