မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက်လိုအပ်သည့်ထောက်ပံ့မှုများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် (၁၉-၁၁-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းက ငွေကျပ်သိန်း(၁၅၀)၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက ငွေကျပ်သိန်း(၂၀၀)၊ စုစုပေါင်းငွေကျပ်သိန်း(၃၅၀)ကိုအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့လာရောက်လှူဒါန်းခဲ့ရာဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုးကလက်ခံရယူပြီးကျေးဇူးတင်စကားပြောကြားကာဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
နောက်ဆုံးရသတင်းများ
ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဥယျာဉ်(၆)လမ်း၌ မီးဘေး ထောက်ပံ့မှုသတင်း
၁၉ ဇန်နဝါရီ ၂၀၂၆
(၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနား
၁၅ ဇန်နဝါရီ ၂၀၂၆

