ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင် ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ထမ်းများ  စွမ်းရည်မြှင့်သင်တန်းဆင်းပွဲအခမ်းအနားအား (၂၀-၁၂-၂၀၂၄) ရက်နေ့၊ (၁၅:၀၀)နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ 

သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူ များပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူးဒေါ်သင်းသင်းညိုက  မြန်မာ နိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက် နေသည့်အပြင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့်ဒေသတွင်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်/မိတ် ဖက်အဖွဲ့အစည်းများကလည်း နည်းလမ်းအမျိုးမျိုး ကဏ္ဍအဖုံဖုံမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လေလွင့်ဆုံးရှုံးနေရသည့် လူသားအရင်းအမြစ်စွမ်းအား များကို နိုင်ငံအတွက်စွမ်းရည်စုများအဖြစ် ဆောင်ရွက်ပေးနိုင်ရေး၊ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ နိုင်ငံအတွင်း မူးယစ်ဆေးသုံးစွဲမှုလျော့နည်းစေရေးနှင့် မူးယစ်ဆေးသုံးစွဲမှုကင်းစင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရ ခြင်းဖြစ်ပါကြောင်း၊ ဆေးစွဲလူနာများ၏အပြုအမူ၊ အခက်အခဲနှင့် စိတ်လူမှုပြဿနာများ ဖြေရှင်းခြင်း၊ လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်မှုများ၊ မူးယစ်ဆေးနှင့်ပတ်သက်သော ဥပဒေများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်၊ မူးယစ်ဆေး၏ နောက်ဆက်တွဲဖြစ်ပေါ်တတ်သော HIV/AIDS ၊ မူးယစ်ဆေးသုံးစွဲမှု၏ဆိုးကျိုးများ၊ ပြန်လည်ထူထောင်မှုပြုလျှင် လိုအပ်သောကုထုံးများ၊ စွဲလမ်းမှု ပြဿနာဖြစ်ပေါ်စေမှုများ၊  ကြုံတွေ့ရသည့်အခက်အခဲများနှင့် ဖြေရှင်းနိုင်မှုနည်းလမ်းများကို ယခင်က ထက်ပိုမို၍ သိမြင်နားလည်သွားလိမ့်မည်ဟု ယူဆပါကြောင်း၊ သင်တန်းကိုတက်ရောက်ကြသော သင်တန်းသား/သူများအနေဖြင့် သင်တန်းမှလေ့လာဆည်းပူးခဲ့သော နည်းပညာ၊ ဗဟုသုတများ၊ အသိပညာ၊ အတတ်ပညာများကို လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် ထိရောက်ပိုင်နိုင်စွာ အသုံးချ နိုင်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုနိုင်၍ နောင်အနာဂတ်တွင် မိမိတို့ဌာနမှအားထားရသော ကျွမ်းကျင်ဝန်ထမ်းများဖြစ်လာပြီး လုပ်ငန်းခွင်အတွင်း စွမ်းရည်မြင့်မား သည့်ဝန်ထမ်းကောင်းများအဖြစ် နိုင်ငံ့တာဝန်များကိုထမ်းဆောင်ရင်း မိမိဦးစီးဌာနအပေါ် အကျိုးပြု သော၊ စွမ်းဆောင်ရည်ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာမည်ဟုယုံကြည်မိပါကြောင်း ပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူ ထောင်ရေးစခန်း(ရန်ကုန်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာထွေးက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ အရပ်ဖက်/မိတ်ဖက်အဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများ စုစုပေါင်း(၄၀)ဦး ခန့်တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို (၁၅:၄၅)နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်း ရရှိပါသည်။


နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR