လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦးတို့သည် နေပြည်တော်ကောင်စီဝင် များနှင့်အတူ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ပျဥ်းမနားမြို့၊ မင်္ဂလာဗျူဟာခန်းမ၌ ကျင်းပပြုလုပ် သော ရေဘေးသင့်အိမ်ထောင်စုများသို့ ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှု များအပေါ် နိုင်ငံတော်အနေဖြင့် နိုင်ငံ၏အရင်းအမြစ်ကိုမူတည်၍ ဘေးသင့်ပြည်သူများ မူလအခြေ အနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိစေရန် အဖက်ဖက်မှစီစဉ်ဆောင်ရွက်ပေးလျှက်ရှိမှုများကို ရှင်းလင်းပြောကြားကာ ရာဂီမုန်တိုင်းဆက်စပ်ရေဘေးကြောင့် နေအိမ်များမျောပါ၊ ပျက်စီးခဲ့ကြ‌သည့် နေပြည်တော် ပျဥ်းမနားမြို့နယ်၊ ဆင်သေကျေးရွာနှင့် ကျွန်းဦးကျေးရွာအုပ်စုများမှ အိမ်ခြေ လုံးဝမျောပါပျက်စီးခဲ့သည့် နေအိမ်(၁၀၄)လုံးအတွက် တစ်အိမ်လျှင်ကျပ်(၂၃)သိန်း(၅)သောင်းနှုန်း ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရံပုံငွေမှထောက်ပံ့ငွေကျပ်(၂၄၄၄)သိန်းနှင့် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရံပုံငွေဖြင့်ပင် ဝယ်ယူခဲ့သည့် အသား၊ ငါး၊ ပဲစည်သွပ်ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေဘေးသင့်နယ်မြေများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု များကိုရှင်းလင်းပြောကြားကာ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၄၁၇)လုံးအတွက် တစ်အိမ် လျှင်ကျပ် (၁၇)သိန်း(၅)သောင်းနှုန်းဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရံပုံငွေ မှထောက်ပံ့ငွေကျပ်သိန်း(၇၂၉၇.၅)သိန်းနှင့် စည်သွပ်ဘူးနှင့်စားသောက်ဖွယ်ရာများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ရေဘေးသင့် မိသားစုများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြပါသည်။

ယနေ့အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဘေးသင့်နေအိမ်များ ပြုပြင်တည်ဆောက်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရံပုံငွေမှ ကျပ် သိန်းပေါင်း (၉၇၄၁.၅)သိန်း၊ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရံပုံငွေဖြင့်ပင် ဝယ်ယူခဲ့သည့် ကျပ်သိန်း (၅၄၀၀)ကျော် တန်ဖိုးရှိ အသား၊ ငါး၊ ပဲစည်သွပ်ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်များ နှင့် ပြည်တွင်း/ပြည်ပ အလှူရှင်များက လှူဒါန်းထားသော အသုံးအဆောင်ပစ္စည်းများတို့ကို ဘေးသင့် ပြည်သူများထံသို့ စနစ်တကျ ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဌ တို့သည် တာဝန်ရှိသူများ နှင့်အတူ ရေကြီးနစ်မြုပ်မှုဒဏ်ခံစားခဲ့ရသော နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေး ရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်ပြီး သန့်ရှင်းရေးဆောင်ရွက်ပြီးစီးမှုအခြေ အနေ၊ ကျောင်းသား၊ကျောင်းသူများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိ‌ရေးနှင့် ပညာသင်ကြား ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များ စီမံဆောင် ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR