၁၁-၃-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် ကယားပြည်နယ်ခန်းမ၌ ထိခိုက်လွယ်အုပ်စုဝင်များသို့ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ကယားပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင်က တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများ၊ အသက်(၇၀)နှစ်အထက်ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၅)နှစ် အောက်ကလေးများ၊ မသန်စွမ်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၂၂၀)ဦး တက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ထိခိုက်လွယ်အုပ်စုဝင် (၁၄၅၇)ဦးအတွက် ထောက်ပံ့ငွေ ကျပ်(၄၃,၇၁၀,၀၀ဝိ/)အားပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ခံရယူခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများမှ ကျန်ရှိသည့် ထိခိုက်လွယ်အုပ်စုဝင်များသို့ ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် အခမ်းအနားကို နံနက်(၁၁:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”

MOS

DSW

DDM

DOR