ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ(၂/၂၀၂၅)အစည်းအဝေးကို ယနေ့၊ နံနက်(၁၀:၀၀)နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ကြီးရုံး၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၏ ခွင့်ပြုမှုအရပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီကို ဖွဲ့စည်းပြီး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ယခုအစည်းအဝေးသည် လုပ်ငန်းစီမံချက် စတုတ္ထသက်တမ်း၏ ပထမ(၆)လပတ်အကောင်အထည်ဖော်ဆောင်ရွက်ချက်များကို   အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးသို့အစီရင်ခံတင်ပြနိုင်ရေး ရေးသားထားရှိသည့် အစီရင်ခံစာအတည်ပြုနိုင်ရေးအတွက်ဆွေးနွေးခြင်းဖြစ်ကြောင်း၊အစီရင်ခံစာအတည်ပြုပြီးပါက ယင်းအစီရင်ခံစာအပေါ် ကောက်နုတ်ချက်ထုတ်နုတ်ပြီး လုပ်ငန်းစီမံချက်၏ဖြစ်ပေါ်တိုးတက်မှုဆိုင်ရာအချက်အလက်များ(အင်္ဂလိပ်)ကိုအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၏ ခွင့်ပြုချက်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ်ရုံးသို့ပေးပို့သွားမည်ဖြစ်ပါကြောင်း၊အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကာလ စတုတ္ထသက်တမ်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည့်အတွက် စီမံချက်ကာလပဉ္စမသက်တမ်းသို့ထပ်မံတိုးမည်ဆိုပါက ကြိုတင်ပြင်ဆင်ရန် ကိစ္စများကို ပြင်ဆင်နိုင်ရေးအတွက် စီမံချက်ကာလသက်တမ်းတိုးရေးနှင့်စပ်လျဉ်း၍ကော်မတီဝင်များ၏ သဘောထားအမြင်များကိုလည်း ဆွေးနွေးပေးစေလိုကြောင်း၊အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၅) အကောင်အထည်ဖော်ဆောင်ရွက်ချက်များအပေါ်ပြန်လည်သုံးသပ်ချက်အရ တွေ့ရှိရသည့် အားသာချက်(၆)ချက်နှင့်စိန်ခေါ်မှု(၂)ချက်အပေါ်တွင်လည်း လိုအပ်သည်များအကြံပြုပေးရန်လမ်းညွှန်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးဌာနအသီးသီးက ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာသူများ ကပထမ(၆)ပတ်ကာလအတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ချက်များကို တင်ပြ ခြင်းနှင့် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့သည့် အမျိုးသားအဆင့်ကော်မတီအစည်းအဝေးအမှတ်စဉ် ၁/၂၀၂၅ ၏ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊၁၉.၆.၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့်လုပ်ငန်းကော်မတီ(၁/၂၀၂၅)အစည်းအဝေးဆုံးဖြတ်များအပေါ် ဆောင်ရွက်ချက်များကိုတင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက်တက်ရောက်လာသူများကပထမ(၆)ပတ်အစီရင်ခံစာ(မူကြမ်း)အပေါ်အကြံပြုဆွေးနွေးခြင်း၊ ပြင်ဆင်ဖြည့်စွက်အတည်ပြုခြင်းနှင့် စီမံချက်ကာလပဉ္စမသက်တမ်းတိုးရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို(၁၂:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

 

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR