လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်ထားသော အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများ ၏ အလုပ်ရုံဆွေးနွေးပွဲကိုယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများ၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းများမှ ကျောင်းအုပ်များ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ လက်အောက်ရှိအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၏ သက်မွေးလုပ်ငန်းများအရည်အသွေးမြှင့်တင်နိုင်ရေးနှင့် အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များ ပိုမိုပေါ်ထွန်းလာစေရေးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးကိုအထောက်အကူဖြစ်သည့် သင်တန်းများဖြစ်သဖြင့် စွမ်းဆောင်ရည်မြှင့်တင်ပေးရန် သာမကအလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပြီးချိတ်ဆက်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနတွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း(၁၁)ကျောင်းဖွင့်လှစ်ထားပြီး အိမ်တွင်းမှုပညာရပ်များကို ပြည်သူများလက်လှမ်းမီသင်ကြားနိုင်ရေးအတွက် ကျောင်းအခြေပြု သင်တန်း၊ ရပ်ရွာအခြေပြုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ နည်းပညာလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ ဆန်းသစ်သောနည်းပညာများကိုစဉ်ဆက်မပြတ်သင်ကြားပေးနိုင်ရန်၊ ခေတ်နှင့်အညီရင်ပေါင်တန်းနိုင်အောင်အစဉ်ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ကျွမ်းကျင် ပညာရှင်သစ်များမွေးထုတ်ပေးရန်လည်းလိုပါကြောင်း၊ လုပ်ငန်းသုံးပစ္စည်းများကိုဖြည့်ဆည်းရန် လိုသကဲ့သို့ စနစ်တကျသုံးစွဲ၊ သိမ်းဆည်းပြုပြင်သုံးစွဲကြရန် လိုအပ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (၁၁)ကျောင်းတွင် သင်ထောက်ကူ ပစ္စည်းများဖြည့်ဆည်းပေးရန် "Supply of Machinery and Equipment to 11 Schools for Home Science" နှင့် ရန်ကုန်မြို့တွင်ရှိသောအိမ်တွင်းမှုပညာသင်ကျောင်းအားအဆင့်မြှင့်တင်ရန် "Upgrading existing School for Home Science, Bahan Township, Yangon" စီမံချက်တို့ကိုဆောက်ရွက်ရန် သဘောတူညီမှုလက်မှတ်ရေးထိုးပြီးဖြစ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်မည် ဖြစ်ပါကြောင်း၊ ပြည်သူလိုအပ်သောအသက်မွေးပညာရပ်များကိုအသုံးချနိုင်သည်အထိသင်ပေးရန်နှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကိုဆွေးနွေးဖော်ထုတ်ကြရန်မှာကြားခဲ့ပါသည်။

ယင်းနောက်အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ပြီးအလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင် တက်ရောက်လာကြသည့် တာဝန်ရှိသူများကအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR