လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ အေးမြ သာယာရပ်ကွက်၊ မနကျေးရွာ၏ နောက်ဘက်အရပ်၊ မနမှော်သက်တမ်းကုန်လုပ်ကွက်ဟောင်း၊ အမြင့်ပေ (၁၀၀)ခန့်ရှိ မြေစာပုံသည် (၁၃-၈-၂၀၂၃)ရက်နေ့၌ ရာသီဥတုအခြေ အနေကြောင့် ပြိုကျခဲ့ရာ ရေမဆေး ကျောက်ရှာဖွေသူများမျှောပါခဲ့ပြီး (၁၆-၈-၂၀၂၃) ရက်နေ့ (၁၇:၀၀) အချိန်ထိ သေဆုံးသူ (၃၃)ဦးအနက် ကိုယ်ရေးအချက်အလက်အချို့ ထပ်မံစိစစ်သိရှိရသည့် ရေမဆေးကျောက်ရှာဖွေသူ (၁၃)ဦးတို့အတွက်(၁)ဦး လျှင် (၃၀၀,၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၃,၉၀၀,၀၀ဝိ/-)အား (၁၈-၈-၂၀၂၃)ရက်နေ့(၁၅:၃၀) အချိန်တွင် ဖားကန့်မြို့နယ် စုပေါင်းရုံး၌ အေးမြသာယာရပ်ကွက်၊ မနကျေးရွာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်သူမိသားစုဝင်များထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

 

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR