လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌအဖြစ် ဦးဆောင်သောပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကိုရှင်းလင်းတင်ပြသည့် အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြပါသည်။

ရှေးဦးစွာလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးက  ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာပူးတွဲကြေညာချက်သည်မြန်မာနိုင်ငံသို့ ၂၀၁၇ခုနှစ်တွင်လာရောက်ခဲ့သည့်ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ် Ms. Pramila Patten ၏ခရီးစဉ်နောက်ပိုင်းစတင်ခဲ့သည့်လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာပူးတွဲကြေညာချက်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten တို့လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ယင်းနောက်အမျိုးသားအဆင့်ကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းစီမံချက်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းတင်ပြဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနော်သဝါးက  ၂၀၁၉ ခုနှစ်မှ စတင်ကာပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းပြီးအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကိုရေးဆွဲခဲ့ပါကြောင်း ၂၀၂၁-၂၀၂၂ လုပ်ငန်းစီမံချက် ကာလကို ၁၀.၁၁.၂၀၂၁ ရက်နေ့မှ ၁၀.၁၁.၂၀၂၂ ရက်နေ့ထိပထမသက်တမ်းအဖြစ် တစ်နှစ်တာအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၀.၁၁.၂၀၂၂ ရက်နေ့မှ ၁၀.၁၁.၂၀၂၃ ရက်နေ့ထိဒုတိယသက်တမ်းတိုး၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကာဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်များကိုအသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီးပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှုအပေါ်လမ်းညွှန်မှုများပြုလုပ်ခဲ့ကာ  အစည်းအဝေးကို (၁၅:၃၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR