လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့သည် (၁-၂-၂၀၂၄)ရက်နေ့ ၊ (၁၂:၀၀) အချိန်တွင် တပ်ကုန်းမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်း ကျေးရွာ၊ ကွမ်းတောကျေးရွာတို့၌ လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရန် အန္တရာယ်‌ကျရောက်မှု‌ ‌လျော့နည်းစေရန်ရည်ရွယ်၍ အမှီအခိုကင်းသည့် သက်ကြီးရွယ်အိုများ၊  အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများမှ လိုအပ်လျက်ရှိသောနေအိမ်များနှင့် ကျေးရွာအတွင်း လိုအပ်လျက်ရှိသော (ဆင်းရဲနွမ်းပါးမှု/ကြံ့ခိုင်မှုမရှိသည့်) နေအိမ်များ၊ မဖြစ်မနေပြုပြင်ရန် လိုအပ်သော နေအိမ်များအား ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ရန်အတွက် ဝါးထရံ၊  သွပ် အစရှိသည်များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတီကြီးမှူး၍ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR