လူမှုဝန်ထမ်းဉီးစီးဌာန၊ ရန်ကုန်မြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၏ အိမ်တွင်းမှုသင်တန်းအပတ်စဉ် (၃/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားအား (၂.၉.၂၀၂၂)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ဖြူဖြူစိန်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ သင်တန်းဆင်း ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် အိမ်တွင်းမှုလုပ်ငန်းအတတ်ပညာများကို ကျောင်းအခြေပြုသာမက ရပ်ရွာအခြေပြုသင်တန်းများအဖြစ်ပါ ဖွင့်လှစ်ပေးနေသဖြင့် မိသားစုမှသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးမှုအထိ အထောက်အကူပြုနိုင်သောကြောင့် လေ့ကျင့်ရင်း ကုန်ထုတ်ကုန်ထုတ်ရင်းလေ့ကျင့်ခြင်းဖြင့် စဉ်ဆက်မပြတ်လေ့လာ၍ မိမိအရည်အချင်းကို ပိုမိုတိုးတက်အောင်ဆောင်ရွက်ရင်း အောင်မြင်သော ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်သည်ထိ ကြိုးစားဆောင်ရွက်သွားကြရန်နှင့် ပြည်သူလူထုအကျိုးအတွက် နိုင်ငံတော်ကဆောင်ရွက်ပေးနေသည့် ကျောင်းရဲ့ဂုဏ်သတင်းကို လက်ဆင့်ကမ်းပေးကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ အိမ်တွင်းမှုသင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းမာထွန်းက သင်တန်းဆင်းအစီရင်ခံစာကို ဖတ်ကြားတင်ပြခဲ့ပါသည်။ ထို့နောက် စက်ချုပ်သင်တန်း၊ မုန့်လုပ်နည်းသင်တန်းနှင့်လက်မှုသင်တန်းတို့မှ သင်တန်းသား/သူ (၆၆)ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး စက်ချုပ်ဘာသာရပ် ထူးချွန်ဆုရသင်တန်းသူ ဒေါ်လဲ့ရည်ထွေးအား လူမှုဝန်ထမ်းဉီးစီးဌာနက ချီးမြှင့်သည့် အပ်ချုပ်စက်(၁)စုံ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ထူးချွန်ဆုရရှိသူက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။




နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR