လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရန်အတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)က ကျပ်သိန်း (၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀)ကို (၁၇-၉-၂၀၂၅) ရက်နေ့ မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်း ခဲ့ပါသည်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)မှ ဥက္ကဋ္ဌ၊ ဦးတင်ဦးက လာရောက်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး လှူဒါန်းပစ္စည်းများအားလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မန္တလေးမြို့လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနလုပ်ငန်းဆောင်ရွက်မှုများအားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်မူလတန်းကြိုကျောင်းများနှင့်ပြင်ဦးလွင်မြို့ပရဟိတမျက်မမြင်ကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR