(၂၃) ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာကော်မရှင်အစည်းအဝေး (23rd ACWC) အား (၁၂.၁၀.၂၀၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၈:၃၀ မှ ၁၂:၀၀) ထိလည်းကောင်း၊ (၈)ကြိမ်မြောက်  အာဆီယံ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးနှင့်မြှင့်တင်ရေးဆိုင်ရာကော်မရှင် အစည်းအဝေး- အာဆီယံ အမျိုးသမီးရေးရာ ကော်မတီ အစည်းအဝေး (8th ACWC- ACW Meeting)အား နေ့လည် (၁:၃၀ မှ ၃:၃၀) ထိလည်းကောင်း  virtually ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူလူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ စန်းစန်းအေး နှင့် အာဆီယံအမျိုးသမီးအခွင့်အရေးများဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ ဒေါက်တာသက်သက်ဇင်နှင့် သက်ဆိုင်ရာ ဘာသာရပ်တာဝန်ခံများမှ တက်ရောက်ခဲ့ပါသည်။

        အစည်းအဝေးတွင် အာဆီယံ အမျိုးသမီးအခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ်မှ အာဆီယံဒေသဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း ပပျောက်ရေးလုပ်ငန်း စီမံချက်ဆိုင်ရာ နှစ်လယ်ပြန်လည်သုံးသပ်သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ(၂၂)ရက်နေ့တွင် ကျင်းပခဲ့ပါကြောင်း၊ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲအား သက်ဆိုင်ရာအစိုးရဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးများအရေး ဆောင်ရွက်လျက်ရှိသော အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး အလုပ်ရုံ ဆွေးနွေးပွဲမှရရှိလာသော ရလဒ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်။

         အာဆီယံကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ်မှ  ACWC Work Plan (2021-2025) နှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ  စီမံချက်(၂)ခုဖြစ်သော “Workshop for Myanmar’s Frontline officers and key stakeholders for the Regional Action Plan of Action for the Protection of Children from All Forms of Online Exploitation and Abuse (RPA COEA)” နှင့် “Workshop to strengthen cooperation and exchange views of the protection of children in context of migration among AMS” တို့အား တင်သွင်းဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR