မန္တလေးမြို့တော်ခန်းမ၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျ‌ရောက်သော (၃၆) နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀.၁၁.၂၀၂၅ ရက်၊နံနက် (၀၉း၃၀) နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

အခမ်းအနားတွင် မန္တလေးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့မှ  ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာများတက်‌ရောက်ခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ အမှတ်(၁) မူလတန်းကြို ကျောင်းမှ သားငယ်/ သမီးငယ်များက အကပဒေသာဖြင့်လည်းကောင်း၊ မန္တလေးပြုစုရေးဌာနမှ ကလေးသူငယ်များ၏ အကပဒေသာ ဖြင့်လည်းကောင်း၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းမှ သားငယ်/ သမီးငယ်လေးများ၏ အက ပဒေသာဖြင့်လည်းကောင်း၊ နားမကြားသော ကလေးများကျောင်းမှ ကျောင်းသူလေးများ၏ အကပဒေသာဖြင့်လည်းကောင်း၊ အမျိုးသမီးကလေးများ သင်တန်းကျောင်းမှ သမီးငယ်များ၏ အကပဒေသာဖြင့်လည်းကောင်း၊ ဧရိပ်မွန်အမျိုးသမီးဂေဟာမှ သမီးငယ်လေးများ၏ အကပဒေသာဖြင့် လည်းကောင်း၊ ပြည်လုံးချမ်းသာပရဟိတဂေဟာမှ သမီးငယ်လေးများ၏ အကပဒေသာဖြင့်လည်းကောင်း ကပြဖျော်ဖြေပြီး စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားအား နံနက် (၁၁း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR