လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကိုပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နေ့လယ် (၁၃:၀၀)နာရီတွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးကြည်ဦးဆောင်၍ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ဒုတိယဝန်ကြီးကအမှာစကားပြောကြားရာတွင်လုပ်ငန်းကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ကျင်းပဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းကော်မတီဝင်ဌာနများ၊ အဖွဲ့အစည်းများရဲ့ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာပြီး လူကုန်ကူးခံရသူများကို အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများပေးနိုင်ဖို့ဖြစ်ကြောင်း၊  လူကုန်ကူးခံရသူများအား လက်ခံစောင့်ရှောက်ရေးဂေဟာများ၏ ဝန်ဆောင်မှုများသည် နိုင်ငံတကာစံနှုန်းများနှင့်အညီဖြစ်ရန် လိုအပ်သောကြောင့် ၎င်းစံနှုန်းများကိုအခြေခံ၍ မိမိနိုင်ငံနှင့် ကိုက်ညီသည့် ဝန်ဆောင်မှုများဖြစ်ရေးပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း၊ လူကုန်ကူးခံရသူများအားပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင်လည်း ၎င်းတို့လိုအပ်ချက်နှင့် ကိုက်ညီပြီးရေရှည်တည်တံ့နိုင်သောထောက်ပံ့မှုများပေးရန်လိုအပ်ကြောင်း၊ ထို့အပြင်ရပ်ရွာအတွင်းအောင်မြင်သောပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဖြစ်ရန်အတွက် ခွဲခြားဆက်ဆံမှုမရှိစေရေးအားလုံးဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ဆောင်ရွက်သည့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်းများသည် ထိရောက်မှုမရှိပါကနောက်ထပ်တဖန်လူကုန်ကူးခံရနိုင်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် (၂၀၂၄)ခုနှစ်၊ လုပ်ငန်းစီမံချက်ပါ ကဏ္ဍအလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများအနက် လုပ်ငန်းရပ်(၂၅)ခုကိုအဓိကတာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ (၆)လအတွင်းလုပ်ငန်းရပ်(၁၄)ခုကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍ဖော်ထုတ်အတည်ပြုပြီးဖြစ်သော"လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာအမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်" (National SoPs) ကိုကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စံလုပ်ငန်းအစီအစဉ်ပါ လုပ်ငန်းစဉ်များအတိုင်းဂရုပြုလိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များသို့ စံလုပ်ငန်းအစီအစဉ်အားမိတ်ဆက်ခြင်း၊ ဝန်ဆောင်မှုပေးနေသူများအတွက် စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်းများဖွင့်လှစ်ခြင်းစသည်တို့ကိုစဉ်ဆက်မပျက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊           မိမိတို့လုပ်ငန်းဆောင်ရွက်ချက်များ၏အထောက်အထား၊ ကိန်းဂဏန်းအချက်အလက်များ၊ မှတ်တမ်းဓါတ်ပုံများကိုစနစ်တကျပြုစုထားပြီး၊အစီရင်ခံစာပြုစုရာတွင် လုပ်ဆောင်ချက်များကိုထိမိပေါ်လွင်အောင် ထည့်သွင်းဖော်ပြရန်ဖြစ်ကြောင်း၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများကိုရေတို၊ ရေရှည်စသည်ဖြင့် သတ်မှတ်၍ စဉ်ဆက်မပျက်အကောင်အထည်ဖော်သွားရန်လိုအပ်ကြောင်း၊အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များအနေဖြင့်ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပြင် ပြောင်းလဲဖြစ်ပေါ်နေသောလူကုန်ကူးမှုပုံစံသစ်များနှင့် လမ်းကြောင်းများကိုသိရှိပြီးထိရောက်သည့်တားဆီးကာကွယ်မှုများဆောင်ရွက်နိုင်ရန် အကြံပြုဆွေးနွေးပေးစေလိုကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီမှ ဆက်လက်အကောင်အထည်ဖော်ရမည့်  ၂၀၂၄ခုနှစ်လုပ်ငန်းစီမံချက်ပါ လုပ်ငန်းများကိုကျန်ရှိသည့်(၆)လတာကာလအတွင်းရာနှုန်းပြည့်အောင်မြင်အောင်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှသက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ချက်၊ အကြံပြုချက်၊ အားသာချက်၊ အားနည်းချက်များကိုဆွေးနွေးခဲ့ကြပြီးအစည်းအဝေးဆုံးဖြတ်ချက် (၁၄)ချက် ချမှတ်ခဲ့ပါသည်။

အစည်းအဝေးသို့ လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာဌာနများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကိုယ်စားလှယ်(၂၅)ဦးတက်ရောက်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR