လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးသည်တာဝန်ရှိသူများလိုက်ပါလျက်မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့သို့ယမန်နေ့မွန်းလွဲပိုင်းကရောက်ရှိခဲ့ပြီးမန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့သည့်နားမကြားသောကလေးများကျောင်းရှိပင်မဆောင်အဆောက်အဦ (Parapet) ထိခိုက်ပျက်စီးမှုအခြေအနေနှင့်စာသင်ဆောင်အဆောက်အဦ၊အမျိုးသား/အမျိုးသမီးအိပ်ဆောင်အဆောက်အဦစားဖိုဆောင်နှင့်ရိပ်သာအဆောက်အဦများကိုလည်းကောင်း၊မူလတန်းကြိုကျောင်းအမှတ် (၂) ရှိပင်မစာသင်ဆောင်နှင့်ကလေးကစားကွင်းအားလည်းကောင်း၊ဒေးဝန်းမူလတန်းကြိုကျောင်းရှိစာသင်ဆောင်နှင့်မန္တလေးလူငယ်သင်တန်းကျောင်းရှိသုံးထပ်ဆောင်အဆောက်အဦနှင့်ပင်မ၂ထပ်ဆောင်အဆောက်အဦအားလည်းကောင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးအပျက်အစီးများဖယ်ရှားရှင်းလင်းရေး၊ယာယီအဆောင်များနှင့်အဆောက်အဦများတည်ဆောက်နိုင်ရေး၊ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးလိုအပ်သည်များကိုမှာကြားခဲ့ပြီးအဆိုပါကျောင်းများတွင်တာဝန်ထမ်းဆောင်နေကြသောဝန်ထမ်းများနှင့်ဆရာ/ဆရာမများအားအားပေးစကားပြောကြားခဲ့ပါသည်။

မန္တလေးမြို့သို့ရောက်ရှိနေသောဒုတိယဝန်ကြီးသည်ယနေ့နံနက်ပိုင်းတွင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ရောက်ရှိပြီးဝန်ထမ်းများနှင့်တွေ့ဆုံကာအားပေးစကားပြောကြားခဲ့ပါသည်။ထို့နောက်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဗဟိုသိုလှောင်ရုံ (မန္တလေးမြို့)သို့ရောက်ရှိပြီးကယ်ဆယ်ရေးပစ္စည်းများ၊အထောက်အကူပြုပစ္စည်းများ၊ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများနှင့်အလှူပစ္စည်းများသိုလှောင်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီးဘေးသင့်ပြည်သူများထံအချိန်မီထောက်ပံ့နိုင်ရေး၊သိုလှောင်ရုံလက်စွဲနှင့်အညီပစ္စည်းများလေလွင့်ပျက်စီးမှုမရှိစေရေးစနစ်တကျထိန်းသိမ်းထားရှိရေး၊ပစ္စည်းများထုတ်ပေးရာတွင်စနစ်တကျရှိစေရေးနှင့်စာရင်းဇယားများကိုစနစ်တကျပြုစုမှတ်တမ်းတင်ထားရှိရေးတို့အတွက်အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲဆောင်ရွက်ကြရန်လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR