မွန်ပြည်နယ်အမျိုးသမီးကော်မတီအစည်းအဝေး (၂/၂၀၂၂) ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ရှိ ပြည်နယ်လူမှုဝန်ထမ်းရုံးခန်းမ၌ (၁.၇.၂၀၂၂) ရက်နေ့၊ နံနက် (၉း၃၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

        အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က အမှာစကားပြောကြားပြီး ကော်မတီ၏လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ အားသာချက်များ၊ စိန်ခေါ်မှုများကို ကော်မတီ အတွင်းရေးမှူးကိုယ်စား ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ဒုတိယညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များမှ လုပ်ငန်းစဉ်များအပေါ် အကြံပြုဆွေးနွေးမှုများပြုခဲ့ကြပြီးနောက် ကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို နံနက် (၁ဝး၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

အစည်းအဝေးသို့ မွန်ပြည်နယ်အမျိုးသမီးကော်မတီဝင်များနှင့် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR